ဧရာဝတီတိုင်းဒေသကြီး

ဓနုဖြူမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ​ဓနုဖြူမြို့နယ်တွင် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံအသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။

မြန်အောင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဗီဒီယိုကလစ်ပြသခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၊ ပရဟိတမြို့ရွှေကျောင်းတိုက်၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ဗီဒီယိုကလစ် ပြသခြင်းကို ယနေ့နေ့လယ်က ကျင်းပပြုလုပ်ရာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဘိုကလေးမြို့နယ်တွင် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမတွင် ယနေ့နေ့လယ်(၁)နာရီ အချိန်က လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကျင်းပဆောင်ရွက်သည်။

မအူပင်မြို့၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကွင်းဆင်းလေ့လာခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကွင်းဆင်းလေ့လာခြင်းကို ယနေ့နံနက်ပိုင်းက မအူပင်မြို့ပေါ်ရှိ မြို့မဈေး၊ မင်္ဂလာဈေး၊ အခွန်လွတ်ဈေးနှင့် ကမ်းနားလမ်းရှိ အခြေခံစားသောက်ကုန်အရောင်း ဆိုင်ကြီးများမှ ရောင်းချနေသည့် ဈေးနှုန်းများအား ကွင်းဆင်း‌မေးမြန်စုံစမ်းခြင်းများ ဆောင်ရွက်သည်။

ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံ၌ အမွှာမွေးမိခင်အားထောက်ပံ့ငွေနှင့် အာဟာရဖြည့်စွက်စာများ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်ပြည်သူ့ဆေးရုံဆရာဝန်ကြီး ဒေါက်တာတင်ထွန်းအောင် ဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများက အောင်မြင်စွာခွဲစိတ်မွေးဖွားပေးခဲ့သည့် သက်ဦးမိန်းကလေးနှစ်မွှာပူးမွေးဖွားသော ကွမ်းသီးချောင်းကျေးရွာအုပ်စု၊ အရှေ့ရွာသစ်ကျေးရွာနေ မခင်ပပလှိုင်အားထောက်ပံ့ငွေနှင့် အာဟာရဖြည့်စွက်စာများပေးအပ်ခြင်းကို ယနေ့နံနက် (၁၁) နာရီခွဲအချိန်ကမြို့နယ် ပြည်သူ့ဆေးရုံ၌ ထောက်ပံ့ခဲ့ကြောင်းသိရသည်။

ကြံခင်းမြို့နယ်၊ ပေါက်တိုင်းကျေးရွာရှိ ပညာအလင်းစာကြည့်တိုက် ဖွံ့ဖြိုးတိုးစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အသိပညာပေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပေါက်တိုင်းကျေးရွာ၊ ပညာအလင်း စာကြည့်တိုက်၌ ယနေ့နေ့လယ်ပိုင်းက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် အသိပညာပေးလုပ်ငန်းများကွင်းဆင်း ဆောင်ရွက်ကြသည်။

မြောင်းမြခရိုင် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းတွင် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေး၊ နှုတ်မှုစွမ်းရည်ထက်မြတ်ပြီး ရဲဝံ့လိမ္မာစွာ စကားပြောဆိုနိုင်ရေးတို့အတွက် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်လင်းပြောကြားခဲ့ပြီး "စာဖတ်ခြင်း၏အကျိုးကျေးဇူး" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ရူပါအေးနှင့် လက်ထောက်ကထိက ဒေါ်ယဉ်ယဉ်ထွဋ်တို့က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းမှ ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် စကြည်လင်းဇော်က "စာဖတ်ဝါသနာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မရတနာနိုင်က "စာအုပ်စာပေလူ့မိတ်ဆွ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်နိုင်နိုင်းက "လူငယ်နှင့်စာပေလေ့လာမှု" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မရတီဦးက "ပညာခေတ်မှာပညာရှာ" ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကိုမေးမြန်းကြရာ ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ သင်တန်းပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြပညာရေးဒီဂရီကောလိပ်၌ ကျင်းပပြုလုပ်သည့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၄/၂၀၂၅)  သင်တန်းပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားသို့ ယနေ့နံနက် (၉) နာရီအချိန်က တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ်အတွင်းရှိ ဒြပ်သတ္တုပစ္စည်းများနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ မြို့နယ်အ‌တွင်းရှိ ဒြပ်သတ္တုပစ္စည်းများနှင့် ဆက်စပ်လုပ်ငန်းများအား မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ထားရှိမှုအ‌ခြေအနေအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းနေလွင်ထွန်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးပိုင်စိုး၊ မြို့နယ်သစ်တောဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝင်းထွန်းနိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး