ငပုဝောာ ဇန်နဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၂၀၂၆ခုနှစ် Grade12 တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ပုသိမ်တက္ကသိုလ် ဘာသာရပ်ဆိုင်ရာသိကောင်းစရာများ ဟောပြောပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပရာ ပုသိမ်တက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ ပါမောက္ခဆရာ၊ ဆရာမများ၊ ငပုတောမြို့နယ်အတွင်းရှိ ဘာသာရပ်ဆိုင်ရာ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပုသိမ်တက္ကသိုလ်မှ ပါမောက္ခဆရာ၊ ဆရာများက ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်အလိုက် အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ သိရှိလိုသည်များ မေးမြန်မှုအပေါ် ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)