ဧရာဝတီတိုင်းဒေသကြီး

အိမ်မဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံတင်အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ လွတ်လပ်ရေးပန်းခြံတွင် ၂၀၂၆ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံတင်အခမ်းအနားကို ယနေ့နံနက် (၅) နာရီ (၃၀)မိနစ်အချိန်တွင် ကျင်းပသည်။

အိမ်မဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံတင်အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ လွတ်လပ်ရေး ပန်းခြံတွင် ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံတင် အခမ်းအနားကို ယနေ့နံနက် (၅) နာရီ (၃၀)မိနစ်အတွင် ကျင်းပသည်။

ငါးသိုင်းချောင်းမြို့တွင် အသက်(၇၀)နှင့် အထက်အဘိုးအဘွားများအား ကျန်းမာရေး အခမဲ့စောင့်ရှောက်ခြင်းလုပ်ငန်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာနတွင် အသက်(၇၀)နှင့် အထက် ဘိုးဘွားများအား ကျန်းမာရေး အခမဲ့စောင့် ရှောက်ခြင်းကို ယနေ့နံနက် (၀၈:၀၀) နာရီက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိ့နှိုင်းအစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့တွင် ကိန်းဝပ်စံပယ်တော်မူသော မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီးသည် သက်တော်ထင်ရှားမြတ်စွာဘုရားကိုယ်တိုင် ရင်ငွေ့တော်ပေးအပ်ခဲ့သည့် သမိုင်းဝင်တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သည်နှင့်အညီ ဘုရားကြီး၏ တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်အား(၂၄-၂- ၂၀၂၆) မှ (၃-၃-၂၀၂၆)ရက်နေ့အထိ (၈)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိ့နှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် မဟာအတုလဝေယံပြည်တော်ပြန် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) တွင် (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ တာငါးဆယ်တောင်ရပ်ကွက်၊ ကရင်ကျောင်းလမ်းရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မေဂျာပေါင်းစုံ ထမနဲထိုးပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်ကို ဖေဖေါ်ဝါရီ ၁၁ ရက်နေ့ နံနက် ၉ နာရီ က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အမာမြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို) ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကြံခင်းမြို့နယ်ရုံးတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့်ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသောစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုးသူများအဖွဲ့ Book Club, Women Club, Youth Club အဖွဲ့နှင့် ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေသားသော “အခက်ခဲနှင့်အောင်ပွဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ပုသိမ်မြို့၊ ကမ်းနားစျေးရှိ စျေးဆိုင်များအား ဝင်ရောက်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့တွင် တိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဦးဆောင်၍ ပုသိမ်မြို့နယ် အစာဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ပုသိမ်မြို့၊ ကမ်းနားစျေးရှိ စျေးဆိုင်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းကို ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(၆၄)ကြိမ်မြောက် ဇလွန်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟစာမေးပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် (၆၄) ကြိမ်မြောက် ဇလွန်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟစာမေးပွဲကြီး စာအောင်ဆုနှင်းသဘင်အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် အင်္ဂဗိုလ်ပရိယတ္တိ စာသင်တိုက် ဓမ္မဝိစယဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ဒေသခံပြည်သူများအား အထူးကုဆရာဝန်များက ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ဒေသခံပြည်သူများအား ဇန်နဝါရီလ ၁၁ ရက်နေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ဒေါက်တာစန်းဝင်း၏ ဦးဆောင်မှုဖြင့်  အထူးကုဆရာဝန်များက မရမ်းကျေးရွာအုပ်စု၊ မရမ်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း၌ ယနေ့နံနက်ပိုင်းကကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး