ကြံခင်းမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲအခမ်းအနား ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခွန်ပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီက အဆိုပါရုံး၌ ပြုလုပ်ခဲ့သည်။