ဧရာဝတီတိုင်းဒေသကြီး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာ ကျောင်းလမ်း(၅.၅)ဖာလုံ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာကျောင်းလမ်း(၅.၅)ဖာလုံ ကတ္တရာလမ်း ခင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးပြည့် မီရေး၊ လမ်းပခုံးသားများစနစ်တကျဆောင်ရွက်ရေးနှင့် သတ်မှတ်ကာလ အတွင်းပြီးစီးစေရေး မှာကြားခဲ့သည်။

ဝါးခယ်မမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ကျောင်းသား၊ ကျောင်းသူ ၂၂၅၁ ဦး ဝင်ရောက်ဖြေဆိုမည်

၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပမည့် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ဝါးခယ်မမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ (၂၂၅၁) ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်သည်။

မအူပင်ခရိုင် Community Centre ခန်းမ၌ အခြေခံအင်္ဂလိပ်စကားပြောသင်တန်းဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် (၁၀) နာရီက အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲ ကျင်းပသည်။

ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက စာပေ ချစ်မြတ်နိုးသူများအဖွဲ့ Book Club, Women Club, Youth Club အဖွဲ့နှင့်ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာကျော်စိန် ရေသားသော “ဘဝတွင် အောင်မြင်ပျော်ရွှင်သူတို့၏ လျှို့ဝှက်ချက် ၁၀၀” စာအုပ် ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။

ကြံခင်းမြို့နယ်၊ အ.ထ.က(ဘက်ရဲ)ကျောင်းတွင် ကျောင်းအခြေပြုမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင်  ကျောင်းအခြေပြု မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ကြသည်။

ငပုတောမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ကွမ်းခြံကုန်းကျေးရွာတွင် ဆိုလာအားသွင်းကြိုးအပူလွန်ကဲရာမှ ဈေးဆိုင်ခန်းတွင် မီးလောင်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသ၊ ကွင်းကောက်မြောက်အုပ်စု၊ ကွမ်းခြံကုန်းကျေးရွာလမ်းဆုံရှိ ပိုင်ရှင်ဦးတင်ဇော် ပိုင်ဆိုင်သောဈေးဆိုင်တွင် ယမန်နေ့နေ့လယ် ၁ နာရီ ၂၀ မိနစ် အချိန်ခန့်က ဆိုလာပြားအားသွင်းကြိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်။

ညောင်တုန်းမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများ မီးဘေးလုံခြုံမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့်စာစစ်ဌာနများ မီးဘေးလုံခြုံမှုရှိစေရေးအတွက် စစ်ဆေးအကြံပြုခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်း‌ဆောင်ရွက်ခဲ့သည်။

ကျုံပျော်မြို့၌ နွေနှမ်းသရုပ်ပြစိုက်ပျိုးပွဲပြုလုပ်

ပြည်တွင်းစားသုံးဆီ ဖူလုံစွာရရှိနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် ပျဉ်ချဆိပ်ကျေးရွာအုပ်စု ကွင်းအမှတ်(၉၉၉) တောင်သူဦးကြည်ဝင်း၏ လယ်မြေ ၄ ဧက၌ ဆီထွက်သီးနှံ နွေနှမ်း(ဆင်းရတနာ-၃) စမ်းသပ်စိုက်ခင်း စိုက်ပျိုးခြင်းအခမ်းအနားကို ယမန်နေ့နံနက်က ပြုလုပ်သည်။

ငါးသိုင်းချောင်းမြို့တွင် အသက်(၇၀)နှင့် အထက်အဘိုးအဘွားများအား ကျန်းမာရေးအခမဲ့ စောင့်ရှောက်ခြင်းလုပ်ငန်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့် ရှောက်ရေးဌာနတွင် အသက်(၇၀)နှင့်အထက် ဘိုးဘွားများအားကျန်းမာရေး အခမဲ့စောင့်ရှောက်ခြင်းကို ယနေ့နံနက် (၈) နာရီ အချိန်ကစတင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး