မဟာအောင်မြေမြို့နယ်၌ ကျောင်းကျန်းမာရေး အသိပညာပေးခြင်းဆောင်ရွက်

မဟာအောင်မြေ ဇွန် ၂၄

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ကျောင်းကျန်းမာရေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။

အဆိုပါ ‌ဆောင်ရွက်ရာသို့ မဟာအောင်မြေမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြိုးအိစံနှင့် ကျန်းမာရေးဝန်ထမ်းများက ကံတက်ကုန်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကျောင်းကျန်းမာ ရေးစစ်ဆေးခြင်း၊ သွားနှင့်ခံတွင်းရောဂါများ စစ်ဆေးပေးခြင်း၊ ပမာဏမျက်စိစမ်းသပ်ခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ စနစ်မှန်သွားတိုက် နည်း သင်ကြားပေးခြင်း ကျောင်းစျေးသည်များအား ကျန်းမာရေး အသိပညာပေးခြင်းများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အောင်ဇော်မင်း