နေအိမ်ဝိုင်းခြံများ၌ ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးထားခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာပြည်သူများသည် စားဝတ်နေရေး အထောက်အကူဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဟင်းသီး၊ ဟင်းရွက်ပင်များကို မိမိတို့နေအိမ်ခြံဝန်များတွင် စိုက်ပျိုးထားရှိခြင်းဖြင့် မိသားစုဝင်ငွေအထောက်အကူဖြစ်သည့်အပြင် ပိုလျှံဟင်းသီး၊ ဟင်းရွက်များအား ရောင်းချရသဖြင့် မိသားစု အပိုဝင်ငွေများရရှိကြောင်း သိရသည်။