မန္တလေးမြို့ မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီးတွင် (၃၇)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင် အခမ်းအနား ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူး၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆက်ကပ်လှူဒါန်းပူဇော်သည့် (၃၇)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို မန္တလေးမြို့အောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီး ၌ ဖေဖော်ဝါရီ ၁၀ ရက် တွင် ဆက်ကပ်လှူဒါန်းပူဇော်ပွဲကို ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်သည်။