ညောင်ဦးခရိုင်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းစစ်ဆေး
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် အခြေခံပညာအထက်တန်းကျောင်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မီးဘေးကြိုတင်ဆောင်ရွက်ထားရှိမှုနှင့် ဖြေဆိုကြမည့်အခန်းများ အလင်းရောင်ကောင်းစွာရရှိရေး ဆောင်ရွက်ထားရှိမှုတို့အား ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် တာဝန်ရှိသူများ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။