မန္တလေးတိုင်းဒေသကြီး

ပျော်ဘွယ်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ ရက် နံနက်(၉)နာရီမှစတင်ကျင်းပလျက်ရှိပြီး သတ်မှတ်စာစစ်ဌာနများတွင် မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်။

ရမည်းသင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ အေးချမ်းစွာဖြေဆို

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၌ ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ  မြန်မာစာဘာသာရပ်ကို ယနေ့ နံနက်  ၉ နာရီမှစတင်၍  စာစစ်ဌာနအလိုက် အေးချမ်းစွာဖြေဆိုလျက်ရှိသည်။

‎မဟာအောင်မြေမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာနေ့တွင် ၉၆.၆၅ ရာခိုင်နှုန်း စတင်ဖြေဆို

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်းမှ စတင်ကျင်းပလျက်ရှိရာ  စာစစ်ဌာန ၅ ခုဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း  ၁၆၇၅ ဦး  လာရောက်ဖြေဆိုသည်။

ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကျောင်းသားကျောင်းသူ ၂၅၂၅ ဦးအေးချမ်းစွာဖြေဆို

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများကို မြန်မာနိုင်ငံတစ်ဝန်းလုံး၌ မတ်လ ၁၁ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ ဖြေဆိုလျက်ရှိကြရာ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင်လည်း စာဖြေဌာန ၆ ခု၌ ကျောင်းသား ကျောင်းသူ ၂၄၇၃ ဦး၊ လက်ပံပျား စက်မှုစိုက်မွေး အ.ထ.ကမှ ကျောင်းသားကျောင်းသူ ၅၂ ဦး စုစုပေါင်း ၂၅၂၅ ဦး အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။

အမရပူရမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲစတင် ဖြေဆိုရာ ကျောင်းသား၊ ကျောင်းသူ ၉၁ ဒသမ ၁၃ ရာခိုင်နှုန်းလာ ရောက်ဖြေဆို

မြန်မာနိုင်ငံတစ်ဝန်းလုံး အတိုင်းအတာဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက်ပိုင်းမှ  စ၍ မြန်မာဘာသာရပ်ကိုစတင်ကျင်းပလျက်ရှိရာ အမရပူရမြို့နယ် အတွင်းရှိ စာစစ်ဌာနနှစ်ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉၁ ဒသမ ၁၃ ရာခိုင်နှုန်း လာရောက်ဖြေဆိုသည်။

မြင်းခြံမြို့တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် (၉) နာရီမှ စတင်ကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်၌ ဆေးရောင်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မတ်လ ၁၁ ရက်နေ့နံနက်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို မတ် ၁၁ ရက် နံနက် ၉နာရီက စတင်ဖြေဆိုလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း သတ်မှတ်စာစစ်ဌာနများတွင် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ စတင်ဖြေဆိုလျက်ရှိသည်။​

ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲအား အေးချမ်းစွာဖြေဆိုလျက်ရှိ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ယနေ့နံနက်ပိုင်းမှစတင်၍  အေးချမ်းစွာဖြေဆိုလျက် ရှိကြောင်းသိရသည်။

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ၂၀၂၅ ခုနှစ် နှစ်လည်မဂ္ဂဇင်းစာမူရှင်များနှင့် သုတေသန ဂျာနယ် Vol.6 စာတမ်းရှင်များအား ဂုဏ်ပြု

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် (Mandalay University of Foreign Languages–MUFL) ၂၀၂၅ ခုနှစ်၊ နှစ်လည်မဂ္ဂဇင်း စာမူရှင်များနှင့် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် University Research Journal Vol.6 တွင် ရေးသားခဲ့သော စာတမ်းရှင်များအတွက် ဂုဏ်ပြုပွဲကိုအခမ်းအနားကို မတ် ၁၀ ရက် နံနက်ပိုင်းက မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် (MUFL)ရှိ သီရိရတနာ ခန်းမတွင်ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး