ချမ်းအေးသာစံမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများအား လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး လှည့်လည်ကြည့်ရှု
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့နံနက်ပိုင်းမှ စတင်ကျင်းပလျက်ရှိရာ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ စာစစ်ဌာနငါးနေရာ၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉၇ ဒသမ ၃၃ ရာခိုင်နှုန်း လာရောက်ဖြေဆိုခဲ့သည်။