မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့နယ်၌ ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးသရုပ်ပြသခြင်းနှင့် ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ပတ္တာကျေးရွာကွင်းအမှတ်(၂၀၉-ခ)၊ ဦးပိုင်အမှတ်(၂၆)၊ တောင်သူဦးခင်မောင်အေး၏ စိုက်ကွင်းတွင် ယနေ့နံနက်ပိုင်းက ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးသရုပ်ပြသခြင်းနှင့် သွင်းအားစုဓာတ်မြေဩဇာပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်၌ အရင်းအနှီးနည်းသော တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူခြင်းမှ စီးပွားဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်အတွင်း ဆိတ်မွေးမြူသူများအနေဖြင့် ဆိတ်များကို တစ်ပိုင်တစ်နိုင်မွေးကြရာ မိသားစုအပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။ ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း ဆိတ်ဈေးများ ဈေးကောင်းရရှိကြရာ ဆွေမွေးမြူခြင်းမှာ အကျိုးဖြစ်ထွန်းကြောင်း၊ အရွယ်ရောက်ပြီး ဆိတ်ပေါက်(ဆိတ်သိုး၊ ဆိတ်ထီး) တစ်ကောင်လျှင် ပေါင်ချိန်(၁၅၀)ရှိပြီး ဆိတ်မတစ်ကောင်လျှင် ပေါင် (၇၀) ထိရှိကြောင်း သိရသည်။ လက်ရှိဆိတ်ဈေးနှုန်းမှာ ဒေသပေါက်ဈေး တစ်ပေါင်လျှင် ကျပ် ၅၀၀၀ ကျပ်နှုန်းရှိသဖြင့် တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူသူများ ဝင်ငွေကောင်းကြကြောင်း သိရသည်။

တောင်သာမြို့၌ ပါဠိပထမပြန်စာမေးပွဲဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့ အမှတ် ၆ ရပ်ကွက်အတွင်ရှိဗိမာန်၌ ယနေ့မွန်းတည့် ၁၂နာရီက မြို့နယ် သံဃာ့နာယကဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန် စာမေးပွဲ (ကြီး၊ လတ်)တန်းများ ဆက်လက်ဖြေဆိုတော်မူခဲ့ကြောင်း သိရသည်။

တောင်သာမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပုံပြောပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်ပြပွဲများ ပြသ

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ပုံပြောပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်ပြပွဲကို ဧပြီ ၃ ရက် နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန တွင် Essay & Letter ရေးနည်းသင်တန်း(အခမဲ့) ဖွင့်လှစ်

ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာရေးသားရာတွင် ကျွမ်းကျင်တက်မြောက်စေရန်ရည်ရွယ်၍ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၈ နာရီက Essay & Letter ရေးနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအား ဥပဒေမူကြမ်းရေးဆွဲခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းများရှင်းလင်းဆွေးနွေး

ဥပဒေမူကြမ်းရေးဆွဲခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းများ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ဧပြီလ ၃ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော် သဘင်ဆောင်၌ ကျင်းပပြုလုပ်သည်။

၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေသော စာဖြေသံဃာတော်များအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို တစ်နိုင်ငံလုံးရှိ စာစစ်ဌာနအသီးသီးတွင် ကျင်းပလျက်ရှိရာ စာဖြေသံဃာတော်များနှင့် သီလ ရှင်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာကျန်းမာရေးဌာနများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီက အမှတ် (၃၄) အ​​ခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ဆောင်ရွက်လျက်ရှိသည်။

ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် ဝါသီးနှံ ၁၃၄၆၄  ဧက စိုက်ပျိုးခဲ့ပြီး ၆၂၇၉၃၁၉  ပိဿာ ထွက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးကြို၊ မိုး၊ မိုးနှောင်းကာလများတွင် ဝါသီးနှံ ၁၃၄၆၄ ဧက စိုက်ပျိုးခဲ့ပြီး အထွက်နှုန်းအနေဖြင့် ၆၂၇၉၃၁၉ ပိဿာထွက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ဝမ်းတွင်းမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများ၏ ကြီးကြပ်မှုဖြင့် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ဗဟိုကျောင်းတိုက်တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Soft Skill သင်တန်း (ဒုတိယအကြိမ်)အား ဆက်လက် ဖွင့်လှစ်သင်ကြား

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre ) တွင် Soft Skill သင်တန်း(ဒုတိယအကြိမ်)ကို ဧပြီလ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် သင်တန်းတတိယနေ့အား ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး