ရမည်းသင်းမြို့နယ်အတွင်း၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

ရမည်းသင်း   ဧပြီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း မြို့နယ်အတွင်းရှိ ရုံးဌာနများ၊ ရပ်ကွက်၊ ကျေးရွာများရှိ ဘုန်းကြီး ကျောင်း၊ ဓမ္မာရုံများ၌  ယနေ့ ညနေ ၄ နာရီကစတင်၍  မြန်မာနှစ်ဆန်း တစ်ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်နာခြင်း၊  ရွတ်ဖတ်ပူဇော်ခြင်းများပြုလုပ်သည်။

ရမည်းသင်း မြို့နယ်အတွင်းရှိ ရုံးဌာနများ၊ ရပ်ကွက်၊ ကျေးရွာများ၌  ပင့်သံဃာတော်များဖြင့် အန္တရာယ်ကင်း ပရိတ်တရားတော်နာခြင်းများ၊  ရွတ်ဖတ်ပူဇော်ခြင်းအပြင် သံဃာတော်များကမြို့နယ်အတွင်း ကားဖြင့်လှည့်လည်၍  အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ အလှူရှင်များက စတုဒိသာများကျွေးမွေးခြင်းဖြင့် ကောင်းမှုကုသိုလ်များပြုလုပ်ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်