ရန်ကုန်တိုင်းဒေသကြီး

ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးလောင်မှုမဖြစ်ပွားစေရေး စက်သုံးဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူးဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က အမှတ်(၂) ရပ်ကွက်၊ ၅၅ နှင့် ၅၆ လမ်းကြား၊ မဟာဗန္ဓုလလမ်းရှိ New Day စက်သုံးဆီ အရောင်းဆိုင်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်၊ သွေးလွန်တုပ်‌ကွေးနှိမ်နင်းရေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းပတ်၀န်းကျင်သန့်ရှင်းစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက (ဂ)ရပ်ကွက်၊ ဥက္ကာလမ်းရှိ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၇ နာရီအချိန် စုပေါင်းသန့်ရှင်းရေးပြုလုပ်ကာ သွေးလွန်တုပ်‌ကွေးနှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မြောက်ဥက္ကလာပမြို့နယ်၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ကြက်ဥများ ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အများပြည်သူများသို့ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်း သတ်မှတ်စုရပ်နေရာများတွင် ရောင်းချပေးခဲ့ကြသည်။

သန်လျင်မြို့ အ-ထ-က(၁)ပညာရေးမိသားစု မဟာဘုံကထိန်အလှူတော် ကျင်းပ

သန်လျင်ခရိုင် သန်လျင်မြို့ အမှတ်(၁)အ‌ခြေခံပညာအထက်တန်းကျောင်း ပညာရေးမိသားစု မဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် သန်လျင်ဗုဒ္ဓတက္ကသိုလ်၌ ကျင်းပခဲ့သည်။

မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးလောင်မှုမဖြစ်ပွားစေရေး ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ စက်သုံးဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ် ဦးစီးမှူးဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များသည်  ယမန်နေ့နံနက် ၉ နာရီခွဲက အမှတ်(၂) ရပ်ကွက်၊ ၅၅နှင့်၅၆ လမ်းကြား၊ မဟာဗန္ဓုလလမ်းရှိ New Day စက်သုံးဆီ အရောင်းဆိုင်တွင် မီးဘေး ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း အထက်ပုဇွန်တောင်လမ်းမကြီးတစ်လျှောက် လမ်းလယ်မီးတိုင်များ တပ်ဆင်တည်ဆောက်ခြင်းနှင့် မီးများထွန်းလင်းရေးအခြေအနေများကို ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် အောက်တိုဘာ (၃၁) ရက်နေ့ ညပိုင်းက အထက်ပုဇွန်တောင်လမ်းမကြီးတစ်လျှောက် လမ်းလယ်မီးတိုင်များ တပ်ဆင်တည်ဆောက်ခြင်းနှင့် မီးထွန်းလင်းရေး အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

သန်လျင်မြို့နယ်၌  မိုးရွာသွန်းပြီး လေဆင်နှာမောင်း  တိုက်ခတ်မှုဖြစ်ပွား

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ နိုဝင်ဘာ ၁ ရက်နေ့ နံနက် (၉) နာရီ (၄၅)အချိန်က ညောင်သုံးပင်ကျေးရွာ၊ သနပ္ပင်သွားလမ်း၊ ကွင်းအမှတ်(၆၈၃/က)ကွင်းတွင် မိုးရွာသွန်းပြီး လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် မဟာနန်းတော် ဆိတ်ခြံ၊ အေဝမ်းနွားခြံနှင့် ဦးမောင်သိန်းဆိတ်ခြံ အဆောက်အဦ ခေါင်မိုးများ ပျက်စီးခဲ့ကြောင်း သိရသည်။

ကော့မှူးတွင် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ ရေစက်ချအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များစုပေါင်း၍ လှူဒါန်းသောမြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်အလှူတော် မင်္ဂလာရေစက်ချအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်၌ ကလေးငယ်များအာဟာရဖွံ့ဖြိုးရေးနှင့်ကျန်းမာရေး စစ်ဆေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ မူကြိုကလေးငယ်များ အာဟာရဖွံ့ဖြိုးရေးနှင့်ကျန်းမာရေးစစ်ပေးခြင်းလုပ်ငန်းများကို အောက်တိုဘာ ၃၁ ရက်နေ့ နံနက် ၁၁ နာရီ အချိန်က အမှတ်(၃)ရပ်ကွက်ရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၌ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

၂၀၂၅ ခုနှစ် တန်ဆောင်တိုင် ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ဖွင့်ပွဲအခမ်းအနား ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ ခုနှစ် တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ UMFCCIနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစား စက်မှု လက်မှုလုပ်ငန်းရှင်များ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး