မှော်ဘီ ဇွန် ၂၄
ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွန်မှုအရ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်၏ ကြီးကြပ်မှုဖြင့် မှော်ဘီခရိုင်ဥပဒေရုံးမှရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများအား ဥပဒေပညာ ပြန့်ပွားရေးဆရာ အဖြစ်သင်တန်း(TOT)ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၂၂ ရက်နေ့ နံနက် ၈ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ကိုယ်စားဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်း ကအဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ဥပဒေအရာရှိ ဒေါ်အေးအေးချိုက ဥပဒေဥပဒေပပညာပြန့်ပွားရေးအတွက် ဆရာအဖြစ်သင်တန်း (TOT) ဖွင့်လှစ်ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်နှင့်အဖွဲ့ဝင်များ ခရိုင်ဥပဒေအရာရှိ ဒေါ်အေးအေးချိုနှင့် ဝန်ထမ်းများ၊ ခရိုင်မြို့နယ် ဌာနဆိုင်ရာဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု (၄၃)အုပ်စုမှအုပ်ချုပ်ရေး မှူး(၄၃)ဦးတို့တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဇွန် ၂၂ ရက်နေ့မှဇွန် ၂၆ ရက်နေ့ထိ ဒုတိယခရိုင် ဥပဒေအရာရှိ ဦးဇော်ခိုင်နှင့်မြို့နယ် ဥပဒေအရာရှိ ဒေါ်အေးမြတ်ဦးတို့က (၅)ရက်ကြာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ သိရှိရန် လိုအပ်သောဥပဒေများအား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)