ရှမ်းပြည်နယ်

တောင်ကြီးမြို့၌ လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများ သင်တန်းအမှတ်စဉ်(၁၁/၂၀၂၅)ဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနကကြီးမှူး၍ လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများ သင်တန်းအမှတ်စဉ် (၁၁/၂၀၂၅) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က  တောင်ကြီးမြို့၊ UCT Hotel ခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်တွင် ၂ဝ၂၅-၂ဝ၂၆ ခုနှစ်၊ မိုးစပါး(အောင်နိုင်တိုး)မျိုးသန့်ပွားစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်း အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂ဝ၂၅-၂ဝ၂၆ ခုနှစ်၊ မိုးစပါး(အောင်နိုင်တိုး) မျိုးသန့်ပွားစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ယမန်နေ့က ယန်းလောကျေးရွာအုပ်စု၊ တောင်သူဦးစိုင်းယီတစ်၏ လယ်မြေတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကလောမြို့၌ ရှမ်းပြည်နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ကျောင်းသား/ကျောင်းသူများ စာအုပ်/စာပေများနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားလာစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီက ကလောမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ကျင်းပသည်။

မျိုးဆက်သစ်တိုက်ကွမ်ဒိုအားကစားသမားများ မွေးထုတ်ပေးနိုင်ရန် JN 25  TAEKWON DO CLUB ဖွင့်လှစ်

မျိုးဆက်သစ်တိုက်ကွမ်ဒိုအားကစားသမားများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ကာ JN 25 TAEKWON DO CLUB ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊ ဦးဘစံလမ်းရှိ The Zawana Badminton & Sport Arena ၌ကျင်းပပြုလုပ်သည်။

မိုင်းခတ်မြို့နယ်၌ မိုးစပါးအောင်နိုင်တိုး (YSR-1) စံပြစိုက်ကွက် ရိတ်သိမ်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်တွင် စိုက်ပျိုးထားသော မိုးစပါးအောင်နိုင်တိုး (YSR-1) စံပြစိုက်ကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်ပိုင်းက ဝမ်ခုတ်ကျေးရွာအုပ်စု၊ ပင်းကွေ့ကျေးရွာ၊ ကွင်းအမှတ် ၂၈၊ ကုန်းမွန်အနောက်ကွင်းရှိ တောင်သူဦးအိုက်ဆမ်၏ ဦးပိုင်အမှတ်(၈)၊ ဧရိယာ(၂.၃၄)ဧက၌ ဆောင်ရွက်သည်။

နမ့်စန်မြို့ အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ ကြက်တောင်ရိုက်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကောင်းမြတ်ကိုယ်ပိုင်အထက်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ ကြက်တောင်ရိုက်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက အမှတ်(၅) ရပ်ကွက်ရှိ မြို့နယ်အားကစားရုံတွင် ကျင်းပခဲ့သည်။

လက်စွဲကောက်စိုက်ဖြင့် မိုးစပါးစိုက်ပျိုးဖြစ်ထွန်းမှု စံကွက်ရိတ်သိမ်းခြင်း ကွင်းလက်တွေ့သရုပ်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးဖြစ်ထွန်းမှု စံကွက်ရိတ်သိမ်းခြင်း ကွင်းလက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီခွဲက ဝမ်ဘိုးကျေးရွာ ကွင်းအမှတ်(၁၂) ဦးပိုင်/၇ တောင်သူဦးစိုင်းသီဟ၏ လယ်မြေ ၆ ဒသမ ၁၀ ဧက၌ ကျင်းပကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် ၂၀၂၅-ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၅ - ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အသိပညာပေးမြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနားကို အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက် မြို့နယ်ယာဉ်ကြီးကြပ်ရေးရုံးရှေ့၌ ကျင်းပသည်။

ပိန်းမုံ-ဝမ်ပုံကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်‌ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ပိန်းမုံ-ဝမ်ပုံ ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်‌မှုကို ယမန်နေ့ နေ့လယ်ပိုင်းက နေပြည်တော်ရုံးချုပ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်မျိုး၊ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျံလင်းတို့ ပါဝင်သော အဖွဲ့နှင့် ​မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌဦးလွင်မိုး၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန်တို့ ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ရာ ယင်းလုပ်ငန်းနှင့်ပတ်သက်၍ အခြေအနေများကို မြို့နယ်ဦးစီးမှူးဦးပြည့်ဖြိုးဟန်က ရှင်းလင်းတင်ပြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လိုအပ်သည်များကို မြို့နယ်ဦးစီးမှူးအား မှာကြားခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Subscribe to ရှမ်းပြည်နယ်