ရှမ်းပြည်နယ်

လားရှိုးမြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးရေးအတွက် နွေရာသီအခြေခံအားကစားနည်း ငါးမျိုး အခမဲ့သင်ကြားပေးမည်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အားကစားကဏ္ဍဖွံ့ဖြိုးပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံအားကစားနည်း ငါးမျိုး အခမဲ့သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။

နမ့်စန်မြို့နယ်တွင် ပါရမီပညာ့ရိပ်သာ၏ ပညာရည်ချွန်ဆုပေးပွဲနှင့် ဆရာကန်တော့ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပါရမီပညာရိပ်သာ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ဆရာကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ပင်းတယမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းအား အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဒေသအားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းကို မြို့မအားကစားကွင်း၌ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တာလေမြို့၌ (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားအား ယနေ့နံနက် ၁၀ နာရီက နားယောင်းကျေးရွာအုပ်စု၊ နောင်မွန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပန်းချီပြိုင်ပွဲများ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များအား ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရပ်စောက်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်မှ ပြည်သူများအသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ ဌာနဆိုင်ရာရုံးများသို့ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှာရမ်းပေးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၌ မူးယစ်ဆေးဖြတ်ပြီးသူများ စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်လှစ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ မူးယစ်ဆေးဖြတ်ပြီးသူများ စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက် ပြန်လည်ထူထောင်ရေးစခန်း၌ ကျင်းပသည်။

ဖယ်ခုံမြို့၌ နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်      

ရှမ်ပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက နွေရာသီကာလ ကလေးများအချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်နှင့် အားကစားကို ပိုမိုစိတ်ဝင်စားလာစေရန်တို့အတွက် ရည်ရွယ်ဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများကို ဖယ်ခုံမြို့နယ် ညောင်ကုန်းရပ်ကွက် အ.ထ.က(၁)ကျောင်းရှေ့ရှိ အားကစားကွင်းတွင် ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

တောင်ကြီးမြို့၌ မူလတန်းအဆင့်ကျောင်းသားများ၏ သင်္ချာစွမ်းရည်မြှင့်တင်ရေး လမ်းညွှန်စာအုပ်အား အသုံးပြု၍ ဆန်းစစ်ခြင်း (Pilotiong) ဆိုင်ရာ လုပ်ငန်းဆွေးနွေးပွဲ ကျင်းပ

မူလတန်းအဆင့်ကျောင်းသားများ၏ သင်္ချာစွမ်းရည်မြှင့်တင်ရေးလမ်းညွှန်စာအုပ်အား အသုံးပြု၍ ဆန်းစစ်ခြင်း (Pilotiong) ဆိုင်ရာ လုပ်ငန်းဆွေးနွေးပွဲအား ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ဒေါ်ခင်သိန်းခန်းမ၌ ဖေဖော်ဝါရီ (၁၉) ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
Subscribe to ရှမ်းပြည်နယ်