မူဆယ် ဇွန် ၁၂
အများပြည်သူတို့၏ အခြေခံလိုအပ်ချက်ကို ရှေးရှု၍ အစိုးရသစ်လက်ထက် ရက်(၁၀၀)ကာလ လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်းပေးခြင်းအခမ်းအနားကို ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမှတ် (၂)၊ အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်နေသည့် မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တို့တွင် နေထိုင်သော ကျောင်းသား/ကျောင်းသူများကို အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ ထုတ်ပေးလျက်ရှိရာ မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်း၊ ခရိုင်ပညာရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး၊ မူဆယ်မြို့နယ်ဦးစီးမှူးနှင့် နမ့်ခမ်းမြို့နယ်ဦးစီးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့က နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID လုပ်ဆောင်နေသည့်နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များကို ကာယကံရှင်များထံသို့ ပေးအပ်ခဲ့သည်။
ယနေ့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးမှုမှာ ကျောင်းသား (၄၀) ဦးနှင့် ကျောင်းသူ (၃၀) ဦး၊ စုစုပေါင်း (၇၀) ဦးတို့အား ဆောင်ရွက်ပြီးစီးခဲ့ပြီး ကျောင်းသား/ကျောင်းသူများလက်ဝယ်သို့ ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်