ရှမ်းပြည်နယ်

တန့်ယန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များလားရှိုး(မယ်ဟန်) - မိုင်းရယ် - ကျေးသီး လမ်းဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်  လမ်းဦးစီးဌာန လမ်းအထူးအဖွဲ့ ၆ မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော လားရှိုး(မယ်ဟန်)-မိုင်းရယ်-ကျေးသီးလမ်း ပြုပြင်ထိန်းသိမ်းနေမှုများအား ယမန်နေ့နေ့လယ် (၁)နာရီ က ကြည့်ရှုစစ်ဆေးသည်။

အ.ထ.က(မောက်မယ်)တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ယန်းလူး)၌ လူငယ်စကားဝိုင်းကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို နိုဝင်ဘာ ၁၃ ရက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(ယန်းလူး)တွင် ကျင်းပသည်။

မူဆယ်မြို့၊ အ.မ.က (စက်မှု) တွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ အခြေခံပညာမူလတန်းကျောင်း (စက်မှု)၌ ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ပဲပုပ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကမိသားစုစီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ကြပြီး ယခုကာလတွင် စီးပွားဖြစ် ပဲပုပ်၊ နေကြာနှင့် ပန်းနှမ်းတို့ကို စိုက်ပျိုးထားကြကြောင်း သိရသည်။

ကျေးသီးမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးများအား ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးများအား ထောက်ပံ့ငွေများ ပေးအပ်ထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက  မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်‌ပေးလျက်ရှိသည်။

မိုင်းပျဉ်းမြို့ အ.ထ.ကကျောင်း၌ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့  အထိမ်းအမှတ်အကြို ဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွှဲပိုင်းက အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ဖာယကျေးရွာ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်း အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းရှူးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းလှိုင်နှင့် အဖွဲ့ဝင်များက မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ဖာယကျေးရွာဘုံခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဟိုပုံးမြို့နယ်တွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်တတိယနေ့ စည်ကားသိုက်မြိုက်စွာကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နှစ်စဉ်ကျင်းပပြုလုပ်သည့် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ယမန်နေ့ည(၈)နာရီအချိန်က သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ခိုလမ်မြို့ အ‌ခြေခံပညာအထက်တန်း‌ကျောင်း၌ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညအထက်တန်း‌ကျောင်း၌ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကို နိုင်ဝင်ဘာ ၁၂ ရက်နေ့၊ နံနက် ၉ နာရီခွဲက အဆိုပါကျောင်းရှိ မြတ်ရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။
Subscribe to ရှမ်းပြည်နယ်