ရှမ်းပြည်နယ်(အရှ့ပိုင်း) မြို့နယ် (၁၀)မြို့နယ်မှ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် စဉ်ဆက်ပညာရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ
ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ရှမ်းပြည်နယ်(အရှ့ပိုင်း) မြို့နယ် (၁၀)မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့က ကျိုင်းတုံမြို့တော်ခန်းမ၌ ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ပညာရေးဌာန တာဝန်ရှိသူများ၊ စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အလိုက် နည်းပြ/ကြီးကြပ်များ၊ စာသင်သားများ တက်ရောက်ခဲ့ကြသည်။