ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ပင်လုံမြို့ မေတ္တာအေးရိပ် ပရဟိတကျောင်းသို့ရောက်ရှိပြီး သစ်ပင်စိုက်ပျိုး

လွိုင်လင် မတ် ၂၅

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အဖွဲ့ဝင်များ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ပင်လုံမြို့ မေတ္တာအေးရိပ် ပရဟိတကျောင်းသို့ ယနေ့နံနက်ပိုင်းက ရောက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဌာနေပြည်သူ့စစ်များ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများသည် ယနေ့နံနက်ပိုင်းက  ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ မေတ္တာအေးရိပ် ပရဟိတကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တ ဒေါက်တာ ပုညနန္ဒ (လားရှိုး မန်ဆူကျောင်း) ဆရာတော်အား လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း အလှူငွေများ လှူဒါန်ခြင်းနှင့် သာသနာရေး‌ဆိုင်ရာများ လျှောက်ထားပါသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး အမှူးပြုသည့် တာဝန်ရှိသူများက ကံ့ကော်ပင်၊ အောင်သပြေပင်များ စိုက်ပျိုးပေးကြသည်။ ထို့နောက် ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

လွိုင်လင်မိုး