ရှမ်းပြည်နယ်

ပင်လောင်းမြို့နယ်၌ ဒုတိယအကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ဒုတိယအကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပနိုင်ရေး အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ရင်းမှီးပရိယတ္တိစာသင်တိုက်၌ ပြုလုပ်ရာအစည်းအ‌ဝေးကို နမောတဿဂါထာသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီးခဲ့ကြောင်း သိရသည်။

မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား၊ အမျိုးသားဖူဆယ်ပြိုင်ပွဲ တံခွန်စိုက်ဖလားနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် အားကစားရုံတွင် ယမန်နေ့ မွန်းလွဲပိုင်းက အသက် ၁၇နှစ်အောက် ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲအား ကျင်းပပြုလုပ်ရာ N2(A) အသင်းနှင့် N2(b)တို့ ယှဉ်ပြိုင်ကစားခဲ့ရာ N2(A)အသင်းက အနိုင်ရရှိခဲ့သည်။

ကာလိမြို့တွင် Mobile library စနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (Mobile Library) စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉) နာရီ အချိန်ခန့်က ခလရ(၁၅၁)တပ်၌  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် ကျေးရွာချင်းဆက်လမ်းနှင့် Box Culvert ၁၀ စင်း တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၇၃ ဒဿမ ၂၃၂ သန်းဖြင့် ဆောင်ရွက်ခဲ့သော လွယ်စေးကျေးရွာအုပ်စု ပန်မောင်- ကုန်းကော်- ဟွေပူ- ပါဖန်- လုံတွေ- နမ့်ပိန် ကျေးရွာချင်းဆက်လမ်း ၆/၅ မိုင် လမ်းတာချဲ့ခြင်းလုပ်ငန်းနှင့် ယင်းလမ်းပေါ်၌ ၅x၅x၂၆ ပေ Box Culvert ၁၀ စင်း တည်ဆောက်ခြင်းလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ရပ်စောက်၌ မီးခိုးမြူငွေ့အန္တရာယ် အသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မီးခိုးမြူငွေ့အန္တရာယ်နှင့်ပတ်သက်၍ မတ်လ ၂၄ ရက်နေ့နံနက်ပိုင်းက ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စု၊ စမ်းရေဦးကျေးရွာနှင့် မကျီးကုန်းကျေးရွာအုပ်စု၊ နောင်တခေါကျေးရွာတို့တွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရပ်စောက်၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာကြည့်တိုက်အပါ ဘက်စုံသုံးခန်းမ ဖွင့်လှစ်

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကောင်းဘို့ကျေးရွာအုပ်စု၊ စမ်းရေဦး (Smart Village) ကျေးရွာ၌ စာကြည့်တိုက်အပါ ဘက်စုံသုံးခန်းမ (၄၀’×၂၀’×၁၂’) အဆောက်အဦ ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာဘက်စုံသုံးခန်းမအဆောက်အဦအား ဖဲကြိုးဖြတ်ဖွင့်လှစ်‌‌ ပေးခဲ့ကြသည်။

ကျောက်တလုံးကြီးမြို့တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နေပြည်သူများ၊ ဌာနဆိုင်ရာရုံးများ၊ လူစည်ကားရာနေရာများသို့ ယမန်နေ့နံနက် ၈ နာရီက ဖြန့်ဝေသည်။

ဟိုပုံးမြို့နယ်၌ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ညောင်ရွှေစာဖြေဌာန၌ ၁၃၈၆ ခု အစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့ ပါရာဇိကဘာသာစတင်ဖြေဆို

၁၃၈၆ ခု အစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့ (ပါရာဇိကဘာရပ်) ဖြေဆိုခြင်းကို မတ် ၂၅ ရက် နေ့လယ် ၁၂ နာရီက ရှမ်းပြည်နယ် ညောင်ရွှေမြို့၊ စိန်ရတုပုစ္ဆကကျောင်းဆောင်၌ စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရပ်စောက်၌ မီးခိုးမြူငွေ့အန္တရာယ် အသိပညာပေး ဟောပြောပွဲပြုလုပ်

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ မီးခိုးမြူငွေ့အန္တရာယ်နှင့်ပတ်သက်၍ ယမန်နေ့နံနက်ပိုင်းက ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စု၊ စမ်းရေဦးကျေးရွာနှင့် မကျီးကုန်းကျေးရွာအုပ်စု၊ နောင်တခေါကျေးရွာတို့တွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်