ခိုလမ်မြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်များအား ထောက်ပံ့ငွေပေးအပ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့တွင် မတ်လ(၂၃)ရက်နေ့မွန်းလွဲ(၂)နာရီခွဲတွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုနှင့်အတူ မိုးသီးကြွေကျမှုကြောင့် ဟိုနောင်ကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာရှိ လူနေအိမ်ခေါင်မိုး(သွပ်မိုး) ပေါက်ပြဲမှုများကြောင့် ပျက်စီးသွားသော အိမ်ထောင်စုများအား ယနေ့နံနက်ပိုင်း (၁၁)နာရီခွဲအချိန်က ထောက်ပံ့ပေးအပ်ခဲ့ပါသည်။