ရှမ်းပြည်နယ်

ကွန်ဟိန်းမြို့၌ နှစ် (၈၀) ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ယမန်နေ့တွင် ကျရောက်သည့် နှစ် (၈၀) ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် (၈) နာရီက မြို့မစျေး၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကျိုင်းလပ်မြို့၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ၂၀၂၅ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်သည့် နှစ် (၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်က ကျိုင်းလပ်မြို့ ခမရ(၅၂၆)တပ်သို့ သွားရောက်၍ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ကျိုင်းတုံမြို့နယ် ကဲရွှေ-နမ့်နီ-နမ့်ကဲ-ရှဲန်ထနူး ကျေးရွာ ကျေးရွာချင်းဆက်လမ်း ရာနှုန်းပြည့်ပြီးစီး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် (၁၁၈) ဒသမ (၆၆၈) သန်းဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာ အုပ်စုနယ်စပ်မှ နမ့်နီ/နမ့်လုံကျေးရွာအုပ်စု နမ့်ခမ်း-ဝမ်ကောင်း-ကဲရွှေ- နမ့်နီ-နမ့်ကဲ-ရှဲန်ထနူး ကျေးရွာ ကျေးရွာချင်းဆက်လမ်း ၄/၀ မိုင် မြေလမ်းတာချဲ့ခြင်းနှင့် (၅) ပေ Box Cuvert ၁၀ စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးဆောင်ရွက်မှုအား ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် လွိုင်လင်ခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုဆောင်ရွက်

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ တာဝန်ရှိသူများနှင့်အတူ မတ်လ ၂၅ ရက် နံနက် ၈ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့အဝင်တွင် သဘာဝဘေးဒဏ်ကြောင့် ရေကြီးရေလျှံဖြစ်ပွားပြီး ရေဝပ်သည့်နေရာများဖြစ်သည့် မိုင်(၁၇၁/၁)မှ (၁၇၁/၃)အထိ မြေသားတာဘောင် တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ ကွင်းဆင်းကြည့်ရှုရာ လွိုင်လင်မြို့နယ် လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောကျော်သူဝင်းနှင့် နေမင်းရောင်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတို့က လမ်းတည်ဆောက်ပြီးစီးမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

တောင်ကြီးမြို့၌ လေးမိုင်ကွေ့နောင်ထလီ-ညိုဖီး-နောင်းပနားဗွာ-လင်ကွင်း-ထီရီ(မွေးမြူရေးဇုန်)–ရွှေညောင်လမ်းတည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူး(မြို့ပြ)နှင့်အတူ လေးမိုင်ကွေ့-နောင်ထလီ - ညိုဖီး - နောင်းပနားဗွာ - လင်ကွင်း - ထီရီ (မွေးမြူရေးဇုန်) - ရွှေညောင် လမ်းပိုင်းတွင် ကုန်တင် ယာဉ်ကြီးများသွားလာနိုင်ရန်အတွက် မတ်စောက်သည့်နေရာ၁၇/၄မိုင် ရှိသည်အနက် အတက်အဆင်းမတ်စောက်သည့် မိုင်တိုင်အမှတ်(၄/၃)နှင့် မိုင်တိုင်အမှတ်(၆/၂)တည်ဆောက်ရေးလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီခွဲက အတက်အဆင်းပြေပြစ်ရေးနေရာဖြစ်သည့် မိုင်တိုင်အမှတ်(၄/၃)နှင့် မိုင်တိုင်အမှတ်(၆/၂) တို့သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

တောင်ကြီးမြို့၌ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မူဆိုင်ရာ တိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့(ဗဟို)၊ ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် အိမ်ခြံမြေဝန်ဆောင်မူအသင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွှေလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကျင်းပသည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မူဆိုင်ရာတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကို မတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီက တောင်ကြီးမြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SSSICC) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ/စီမံကိန်းကြီးကြပ်မှုကော်မတီမှ ချေးငွေရယူထားသည့် အစုအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် စီမံခန့်ခွဲမှု ကော်မတီ/စီမံကိန်းကြီးကြပ်မှု ကော်မတီမှ ချေးငွေရယူထားသည့်အစုအဖွဲ့များနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နှစ်(၈၀)ပြည့် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုင်းတုံမြို့နယ် ပန်ကွဲ-လွိုင်မွေ ကွန်ကရစ်လမ်းသစ်(၃/၄)မိုင် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်ကွဲ-လွိုင်မွေ ကွန်ကရစ်လမ်းသစ်(၃/၄)မိုင်ဖွင့်ပွဲကို မတ် ၂၅ ရက်ကအဆိုပါလမ်း၌ ကျင်းပသည်။

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တာချီလိတ်မြို့အထိမ်းအမှတ် နာရီစင်နှင့် လွယ်တော်ခမ်း သံဘေလီတံတားဖွင့်လှစ်

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့အထိမ်းအမှတ် နာရီစင်နှင့် လွယ်တော်ခမ်း သံဘေလီတံတားဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁) အဝိုင်းပတ်နှင့် လွယ်တော်ခမ်းကျေးရွာတို့တွင် ကျင်းပပြုလုပ်သည်။

မိုးနဲမြို့နယ် ကမ္ဘောဇခန်းမ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား လစာစရိတ်ချီးမြှင့်ငွေများ ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ကမ္ဘောဇခန်းမစုရပ်နေရာ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား လစာစရိတ်ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။
Subscribe to ရှမ်းပြည်နယ်