ရှမ်းပြည်နယ်

ကျောက်တလုံးကြီးမြို့ရှိ နမ့်ဗေးကျေးရွာနှင့် နမ့်ဗေးရေတံခွန်ချိတ်ဆက်တံတားဆောက်လုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ကက္ကူကျေးရွာအုပ်စု၊ နမ့်ဗေးကျေးရွာတွင် နွေရာသီကာလခရီးသွားပြည်သူများ စိတ်အပန်းဖြေနိုင်ရေးနှင့် အဆင်ပြေချောမွေ့စွာသွားလာနိုင်ရန် နမ့်ဗေးကျေးရွာနှင့်ရေတံခွန်သို့ ချိတ်ဆက်တံတားအား ယနေ့နံနက် ၉ နာရီမှစတင်၍ ဆောက်လုပ်လျက်ရှိသည်။

မိုင်းယောင်း၌ သီရိမင်္ဂလာငြိမ်းအေးစေတီတော် ထီးတော်တင်လှူပူဇော်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာ၌  သီရိမင်္ဂလာငြိမ်းအေးစေတီတော် ထီးတော်တင်လှူပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါစေတီတော် ရင်ပြင်၌ စည်ကားစွာ ကျင်းပခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၁ /၂၀၂၅ - ၂၀၂၆) ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီ အစည်းအဝေး အမှတ်စဉ် (၁ / ၂၀၂၅ - ၂၀၂၆) ကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ရှမ်းပြည်နယ်၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။

မိုးနဲမြို့နယ် လွိုင်လင်းကျောင်းတိုက်ရှိ သိမ်၊ စေတီတော်များတွင် တင်လှူမည့် စိန်ဖူးတော်နှင့် ထီးတော်များမြို့တွင်းသို့ လှည့်လည်အပူဇော်ခံ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပုံလို့တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာစာရ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဌာနာစရိယ ပြည်တွင်းပြည်ပ သာသနာပြု ဆရာတော်ဘုရားကြီးအားအမှူးထား၍ လွိုင်လင်းကျောင်းတိုက်ရှိ သိမ်တော်၊ စေတီတော်များတွင်တင်လှူမည့် စိန်ဖူးတော်၊ ထီးတော်များကို ယမန်နေ့နံနက် ၇ နာရီအချိန်က မြို့တွင်းသို့ လှည့်လည် အ‌ပူဇော်ခံခဲ့ကြောင်းသိရသည်။

 အင်းလေးဒေသအတွင်း မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျေးရွာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို ယမန်နေ့နံနက်ပိုင်းတွင် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့ အင်းလေးဒေသအတွင်း ငလျင်‌ဘေးဒဏ်သင့် ပြည်သူများသို့ အလှူငွေနှင့် ပစ္စည်းများ ပေးအပ်

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အင်းလေးဒေသ မင်းချောင်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများသို့ အလှူငွေနှင့် ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ညောင်ရွှေမြို့နယ်၊ ကြေးစားကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်း၍ ယနေ့ မွန်းလွဲ(၂)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဒေါက်တာခင်မောင်ညိုရေးသားသော "လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း"စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ကျေးရွာရွေးချယ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကျေးရွာ ရွေးချယ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာတာဝန်ခံများ တက်ရောက်ခဲ့ကြသည်။

မိုးနဲမြို့နယ်၌ မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌  မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် တာဝန်ရှိသူများက ကုန်းလွန်းကျေးရွာအုပ်စု၊ကု န်းလုံကျေးရွာ ပါဟူဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မက်မန်းမြို့၌ ရုံးစာရေးသားနည်း (၁/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများကို သိရှိနားလည်၍ ထိရောက်မြန်ဆန် မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရုံးစာရေးသားနည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၅)ကို ဧပြီလ ၂၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့နံနက် ၁၀ နာရီအချိန်တွင် ခရိုင်ဦးစီးမှူးရုံးခန်းတွင် သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့သည်။ 
Subscribe to ရှမ်းပြည်နယ်