မိုးနဲမြို့နယ်၌ မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်

မိုးနဲ ဧပြီ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌  မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် တာဝန်ရှိသူများက ကုန်းလွန်းကျေးရွာအုပ်စု၊ကု န်းလုံကျေးရွာ ပါဟူဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်‌မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက တောမီးကြောင့် သဘာဝပတ်ဝန်းကျင်၊ စိုက်ပျိုးမြေများ၊ ပြည်သူပိုင်ပစ္စည်းများ ပျက်စီဆုံးရှုံးမှုမဖြစ်ပေါ်စေရေးနှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်သည့် အဓိကအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့များတွင်ပါဝင်သော လေထုညစ်ညမ်းစေသည့်အရာများ၊ မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်း၍ ဖြစ်ပွားစေနိုင်သော ကျန်းမာရေးဆိုင်ရာဆိုးကျိုးများ၊ ရိတ်သိမ်းပြီးပြောင်းရိုးများကို သဘာဝမြေဩဇာအဖြစ်အသုံးပြုနိုင်ရေး၊ သစ်‌တောများထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးလုပ်ငန်းစဉ်များကိုလည်းကောင်း အသီးသီးအသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ တက်ရောက်လာသော ပြည်သူများက သိရှိလိုသည့် အချက်များအား မေးမြန်းကြရာ တာဝန်ရှိသူများက အသီးသီးပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)