မိုးနဲ ဧပြီ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပုံလို့တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာစာရ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဌာနာစရိယ ပြည်တွင်းပြည်ပ သာသနာပြု ဆရာတော်ဘုရားကြီးအားအမှူးထား၍ လွိုင်လင်းကျောင်းတိုက်ရှိ သိမ်တော်၊ စေတီတော်များတွင်တင်လှူမည့် စိန်ဖူးတော်၊ ထီးတော်များကို ယမန်နေ့နံနက် ၇ နာရီအချိန်က မြို့တွင်းသို့ လှည့်လည် အပူဇော်ခံခဲ့ကြောင်းသိရသည်။
ထိုသို့လှည့်လည်အပူဇော်ခံရာတွင် မိုးနဲမြို့နာဟောင်ရပ်ကွက်ရှိ ဆုတောင်းပြည့်ကျောင်းတိုက် နေရာစုရပ်မှ မိုးနဲ-လင်းခေးလမ်းကတိုင်း ထိုမှတစ်ဆင့် မိုးနဲ-မောက်မယ်လမ်းတစ်လျှောက် စိန်ဖူးတော်၊ ထီးတော်များ၊ လှူဖွယ်ပစ္စည်းများပင့်ဆောင်ကာ အိုးစည်၊ ဗုံမောင်းများဖြင့်စည်ကားသိုက်မြိုက်စွာ စည်တန်းလှည့်လည်အပူဇော်ခံခဲ့ကြပြီး ဆုတောင်းပြည့်ကျောင်းတိုက်သို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စိန်ဖူးတော်၊ ထီတော်များကို ဧပြီ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် လွိုင်လင်း ကျောင်းတိုက်ရှိ စေတီတော်များတွင် အလှူရှင် ဘုရား၊ ကျောင်း၊ သိမ်ရဟန်းဒါယကာကြီးများ ဦးစီးဦးဆောင်၍တင်လှူပူဇော်သွားမည်ဖြစ်ကြောင်းသိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)