ရှမ်းပြည်နယ်

မိုင်းဖြတ်မြို့နယ်၌ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ဆေရေးကတ်ပြားနှင့်(UID) ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဇွန် ၂ ရက်နေ့ နံနက်ပိုင်းက အ.ထ.က(ဟိုနား)၌ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်(UID)ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

လားရှိုးမြို့တွင် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့က လားရှိုးမြို့နယ် မြို့တော်ခန်းမအနီး၌ ဆောင်ရွက်သည်။

လွိုင်လင်မြို့နယ် ဆဟောင်းကျေးရွာအုပ်စု၌ အစားထိုးသီးနှံ နှစ်ရှည်ပျိုးပင်ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ပင်လုံမြို့-ဆဟောင်းကျေးရွာအုပ်စု ကိုးနဝင်းတောင်တော် ရွှေစာရံဆုတောင်းပြည့်စေတီတော်ဓမ္မာရုံ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့ပူပေါင်း၍ အစားထိုးသီးနှံ နှစ်ရှည်သီးနှံ ပျိုးပင်များပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီကကျင်းပပြုလုပ်ပါသည်။

မိုင်းဆတ်မြို့၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ပြုလုပ်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဆတ်မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric data ကောက်ယူ၍ UID ကတ်များထုတ်ပေးခြင်းကို One Stop Service ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်းခွဲ(အ.လ.က-၁)တွင် အသက် ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့်ပြီးသည့် ကျောင်းသား/ကျောင်းသူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့နယ် နားယုန့် အ.မ.က−မူလွန်ကျောင်းသို့ စာရေးကိရိယာများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်ကျေးရွာအုပ်စု၊ နားယုန့်ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်(၉)နာရီက ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းသက်နှင့် လွှတ်တော်ရုံးအဖွဲ့တို့က သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၈) နာရီကစတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

ရှမ်းပြည်နယ်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုင်းဝမ်းလှိုင်းတစ်ပ် မိုင်းဖြတ်မြို့နယ်၊ သစ်တောဦးစီးဌာနရှိ ပျိုးထောင်သစ်ပင်များကြည့်ရှုစစ်ဆေး  

ရှမ်းပြည်နယ်၊ သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုင်းဝမ်းလှိုင်းတစ်ပ်သည် ဇွန်လ ၂ရက်၊ မွန်းလွှဲပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့သို့ရောက်ရှိပြီး မြို့နယ်သစ်တောဦးစီးဌာနရှိ ပျိုးထောင်သစ်ပင်များကို ကြည့်ရှုစစ်ဆေးခဲ့သည်။  ရှေးဦးစွာသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးထံ ကျိုင်းတုံမြို့၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်နိုင်ဦးက မြို့နယ်သစ်တောဦးစီးဌာနအတွင်း မြို့မ (ယာယီ)ပျိုးဥယျာဉ်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။

တောင်ကြီးမြို့၌ အပတ်စဉ်(၆) သူနာပြုနှင့်သားဖွားဒီပလိုမာ(၃)နှစ် သင်တန်းသား/ သူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သားဖွားသင်တန်းကျောင်း၊ တောင်ကြီးမြို့၌ အပတ်စဉ်(၆) သူနာပြုနှင့် သားဖွားဒီပလိုမာ (၃)နှစ် သင်တန်းသား/ သူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းပေးအပ်ပွဲအခမ်းအနားကို ဇွန်လ(၂)ရက်နေ့၊ နံနက်ပိုင်းက တောင်ကြီးမြို့ရှိ သားဖွားသင်တန်းကျောင်းခန်းမတွင် ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ လီဆူးတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ငွေလှိုင်၊ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်တင်တင်ရီ၊ တက္ကသိုလ်/ ဒီဂရီကောလိပ်မှ ပါမောက္ခချုပ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက် ကြသည်။

ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူ တောင်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူသည် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဇွန်လ(၂)ရက်နေ့ မနက်ပိုင်းက တောင်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်ဖိုးစိန် ဆီဆိုင်မြို့နယ်ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က ဒေသခံပြည်သူများအား ယနေ့ နံနက်ပိုင်းက နားသံကျေးရွာအုပ်စု၊ နားမွန်ကျေးရွာရှိ ဘုန်းကြီးကျောင်း၌ တွေ့ဆုံသည်။
Subscribe to ရှမ်းပြည်နယ်