ရှမ်းပြည်နယ်

မိုးနဲမြို့နယ်၌ ပင်စင်လစာငွေများ စတင်ထုတ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် ၈ နာရီခွဲ အချိန်ကစတင်ကာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

လဲချားမြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်ထုတ် မိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်ထုတ် မိဘပြည်သူများအား ယနေ့နံနက် (၈)နာရီမှစတင်၍ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိသည်။

ခိုလမ်မြို့တွင် အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်(၉)နာရီအချိန်က မြန်မာ့စီးပွားရေးဘဏ်တွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းခုတ်မြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း (၁၀၀၀၀)ပျိုးထောင်ထားရှိ

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီကာလအတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ အခမဲ့ရယူစိုက်ပျိုးနိုင်ရန်ရည်ရွယ်၍ မြို့သစ်တောဦးစီးဌာနက ပျိုးပင်ပေါင်း (၁၀၀၀၀) ပျိုးထောင်ထားကြောင်း သိရသည်။

နမ့်စန်မြို့ အမှတ်(၂)ရပ်ကွက်တွင် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စည်းရုံးရေးကိစ္စရပ်များအတွက် ဌာနဆိုင်ရာအကြီးအကဲများနှင့် ပြည်သူများ တွေ့ဆုံ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စည်းရုံးရေးကိစ္စရပ်များအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်မိရပ်ဖပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ ညနေ ၃ နာရီက အမှတ်(၂)ရပ်ကွက် ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံလူငယ်‌ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပညာရေးဒီဂရီကောလိပ် အားကစားရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ နေထိုင်ကြသော ပြည်သူများ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတပိုမိုရရှိစေရန် ရည်ရွယ်ချက်ဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ပထမနိမ္မိတ သပိတ်မြတ်ဘုရားတောင်ပေါ်ရှိ အောင်ဇမ္ဗူလောင်းဓမ္မာရုံတွင် ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော် ပြုပြင်မွမ်းမံမှုလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးခဲ့သည့် ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရင်ပြင်တော်နှင့် ရတနာစံကျောင်းတော် ပြုပြင်မွမ်းမံမှုလုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

လွိုင်လင်ခရိုင်၊ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့နံနက်ပိုင်းမှစ၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ကလောမြို့နယ်၌ လူကုန်ကူးမှုအကြောင်း သိကောင်းစရာ အသိပညာပေးနံရံကပ်စာစောင် ပြသ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဌာန၌ ယမန်နေ့နံနက် ၁၀ နာရီက လူကုန်ကူးမှုအကြောင်း သိကောင်းစရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်