ကလောမြို့နယ်၌ လူကုန်ကူးမှုအကြောင်း သိကောင်းစရာ အသိပညာပေးနံရံကပ်စာစောင် ပြသ

ကလော မေ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဌာန၌ ယမန်နေ့နံနက် ၁၀ နာရီက လူကုန်ကူးမှုအကြောင်း သိကောင်းစရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် လူကုန်ကူးသူများ ဖြားယောင်း၊ သွေးဆောင်သည့် နည်းလမ်းများ၊ လူကုန်ကူးမှုမခံရအောင် သတိပြုရမည့်အချက်များ၊ ကလေးငယ်များ အလုပ်ခိုင်းစေခံရမှုမှ ကင်းလွတ်အောင် သိသင့်သည့်အချက်များပါဝင်ပြီး ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်လာရောက်ငှားရမ်းဖတ်ရှုကြသည့် ပြည်သူများက လေ့လာဖတ်ရှုကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)