မိုးနဲမြို့နယ်၌ ပင်စင်လစာငွေများ စတင်ထုတ်ပေး

မိုးနဲ မေ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် ၈ နာရီခွဲ အချိန်ကစတင်ကာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထုတ်ပေးရာတွင် ထုတ်ယူသူများအနေဖြင့် လစဉ် ၂၁ ရက်နေ့နှင့် နောက်ပိုင်း နိုင်ငံ့ဝန်ထမ်းလစာငွေများ မပေးမီ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိကြောင်း၊ နေ့စဉ် နံနက် ၈ နာရီခွဲမှ ညနေ ၃ နာရီခွဲ အချိန်အထိ ထုတ်ပေးလျက်ရှိကြောင်း၊ မိုးနဲမြို့နယ်အနေဖြင့် ပင်စင်ထုတ်ယူသူ ၃၆၃ ဦးရှိပြီး မြို့ပြပင်စင်စား၊ ကာကွယ်ရေးပင်စင်စား၊ ဘဏ်ပင်စင်စား၊ နိုင်ငံရေးပင်စင်စားများ ဖြစ်ကြောင်း၊ ထုတ်ယူရာတွင် လွယ်ကူစေရေးနှင့် အေးချမ်းစွာထုတ်ယူနိုင်ရေး မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက  ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ထုတ်ယူခွင့်ကတ်ပြားများ ပျောက်ဆုံးပျက်စီးမှုများအတွက် အခမဲ့ ဆောင်ရွက်ပေးလျက်ရှိသည့် အပြင်ကိုတိုင်မလာရောက်နိုင်သူများ အနေဖြင့်လည်း ကိုယ်စာလှယ်လွှဲစာပေး၍ ထုတ်ယူခွင့်ပြုထားကြောင်း ဘဏ်တာဝန်ရှိသူထံမှ သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)