တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးအဖွဲ့ချုပ်များထဲတွင် ပထမဦးဆုံး ရှမ်းပြည်နယ် ဘောလုံးအဖွဲ့ချုပ်နှင့် မိတ်ဖက်စပွန်ဆာများ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနား ကျင်းပ
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ မျိုးဆက်သစ်အားကစားသမားများအား မွေးထုတ်ပေးနိုင်ရေး၊ ရှမ်းပြည်နယ်အတွင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ် ဘောလုံးပြိုင်ပွဲများတွင် အဆင့်အတန်းမြင့်မားစွာ ပါဝင်ယှဥ်ပြိုင်နိုင်စေရေးနှင့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအတွက် မျိုးဆက်သစ်လူငယ်များ စဥ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တရားဝင် ဖွဲ့စည်းထားသော တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးအဖွဲ့ချုပ်များထဲတွင် ပထမဦးဆုံး ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်နှင့် မိတ်ဖက်စပွန်ဆာများ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့ ရတနာနန်းတော်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။