ရှမ်းပြည်နယ်

ပင်လုံမြို့ အ.မ.က(ဝမ်အဲန်)၌ စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်စေရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်စေရေးအသိပညာပေး ဟော​ပြောပွဲကို ယနေ့နံနက်(၁၀)အချိန်က အခြေခံပညာမူလတန်းကျောင်း(ဝမ်အဲန်)၌ ဆောင်ရွက်ခဲ့ပါသည်။

ကျောက်တလုံးကြီးမြို့ အ.မ.က ထီပုန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန် အသိပညာပေးလုပ်ငန်းများကို လစဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီက အခြေခံပညာမူလတန်းကျောင်း ထီပုန်းတွင် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများ ဆောင်ရွက်ခဲ့သည်။

တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက်(၀၉:၀၀) နာရီအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မိုင်းနောင်မြို့ Community Centre တွင် ယဥ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre တွင် ယဥ်ကျေးလိမ္မာသင်တန်းကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၁၄) ရက်နေ့မှစ၍ အပတ်စဥ်တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သင်ကြားပေးကြောင်း သိရှိရသည်။

လွိုင်လင်မြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံးမှ ကြီးမှူး၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက လွိုင်လင်မြို့ မြို့လယ်ကျောင်းတိုက် မဟာမြတ်မုနိဘုရားကြီး အာရုံခံတန်ဆောင်း၌ ပြုလုပ်သည်။

လားရှိုးတွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိူးမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက် (၉)နာရီက အမှတ် (၆) အခြေခံပညာအထက်တန်း‌ကျောင်းရှိ ကမ္ဘောဇခန်းမတွင် ကျင်းပသည်။

နမ့်စန်မြို့နယ် ဈေးကုန်းကျေးရွာတွင် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေး၍ လက်တွေ့စမ်းသပ်မဲပေး

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ရပ်ကွက်နှင့် ကျေးရွာများတွင် နေ့စဉ်ကွင်းဆင်းဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ပိန်းဆည်ကျေးရွာအုပ်စုရှိ ဈေးကုန်းကျေးရွာတွင် ပြုလုပ်ခဲ့သည်။

မိုင်းဖြတ်၌ စပါးစိုက်ပျိုးလျက်ရှိသည့် ယာမြေအား လယ်မြေသို့ ပြောင်းလဲနိုင်ရေး ကွင်းဆင်ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်၊ တောညုအုပ်စု၊ အင်နမ့်ခမ်းကျေးရွာနေ ဒေသခံတောင်သူများ စပါးစိုက်ပျိုးလျက်ရှိသည့် ယာမြေအား လယ်ယာမြေအဖြစ်သို့ ပြောင်းလဲနိုင်းရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကွင်းဆင်းစစ်ဆေးခဲ့သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး၍ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားတက်ရောက်ချီးမြှင့်

(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ကျော်ဟန်ဦးဆောင်၍ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ တောင်ကြီးခရိုင် ရဲတပ်ဖွဲ့၊ အမှတ်(၁၄)သတင်းရဲတပ်ဖွဲ့ခွဲ၊ အမှတ်(၂)မူးယစ်တပ်ဖွဲ့ခွဲ၊ အမှတ်(၁၅)မှုခင်းတပ်ဖွဲ့စု၊ အမှတ်(၁၅) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုနှင့် အမှတ်(၁၈)ယမန်နေ့နံနက်(၇)နာရီခွဲက တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်လင်မြို့ သမိုင်းဝင်မွေတော်ဖီပြဘုရား၌သန့်ရှင်းရေးဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့သမိုင်းဝင်မွေတော်ဖီပြဘုရားကြီးတွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မိုးညွန့်ထွန်းနှင့်အရာရှိ၊ တပ်ဖွဲ့ဝင်နှင့်အိမ်ထောင်သည်များစုပေါင်း၍ ယနေ့နံနက်(၆:၃၀) နာရီက အဆိုပါမွေတော်ဖီပြဘုရားကြီးတွင် ပြည်သူ့အကျိုးပြုသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်