တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး အင်းလေးဒေသအတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်
တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ကျန်းမာရေးလုပ်ငန်းစီမံချက်အရ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန (တောင် ကြီး)၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဆေးတက္ကသိုလ်(တောင်ကြီး)၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးနှင့် ညောင်ရွှေမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အထူးကုကွင်းဆင်းကုသမှု အစီအစဉ်ကို စက်တင်ဘာလ (၁၄) ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ကေလာကျေးရွာ၊ ကေလာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။