ရှမ်းပြည်နယ်

တောင်ကြီးမြို့၌ “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” ဆုချီးမြှင့်ပွဲကျင်းပ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်တွင် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်တာဝန်ရှိသူများ၊ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ/ဆရာမကြီးများ၊ ရှမ်းပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ဆုရကျောင်းသား/ကျောင်းသူများ၊ ဧည့်သည်တော်များ တက်‌ရောက်ခဲ့သည်။

မိုင်းရှူးမြို့နယ်၌ စိုက်ပျိုးရေးဆိုင်ရာ ပိုးသတ်ဆေးဥပဒေရှင်းလင်းပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် စိုက်ပျိုးရေးဆိုင်ရာ ပိုးသတ်ဆေးဥပဒေရှင်းလင်းပွဲကို ယမန်နေ့နံနက်(၁၀)နာရီက စိုက်ပျိုးရေးဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။

မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသော အောင်မြင်ခြင်းရဲ့အုတ်မြစ် စာအုပ်ဖြင့် စက်တင်ဘာလ ၁၈ ရက်နေ့က စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။

 နမ့်စန်မြို့ အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း-ခွဲ(လေတပ်) တွင် ဘင်ခရာသင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် အမှတ်(၅)ကျေးရွာအုပ်စုရှိ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း-ခွဲ(လေတပ်)တွင် ဘင်ခရာ သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲက ကျင်းပ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဟိုပုံးမြို့နယ်၌ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် တက်ရောက်ရန်အတွက် ရေးဖြေစာမေးပွဲဖြေဆို

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)နှင့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် တက်ရောက်ရန်အတွက် ရေးဖြေစာမေးပွဲကို ယနေ့ နံနက် ၉ နာရီချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုခဲ့ကြသည်။

ဆီဆိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ပုံတူဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဖြင့် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ပုံတူဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နောင်ချိုမြို့နယ်၌ ဆောင်းသီးနှံ (နေကြာ) မျိုးစေ့ထုတ်လုပ်ငန်းနှင့် စံပြကွက်စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့် ဓါတ်မြေဩဇာပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ဆောင်းသီးနှံ(နေကြာ) မျိုးစေ့ထုတ်လုပ်ငန်းနှင့် စံပြကွက်စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့် ဓါတ်မြေဩဇာ ပေးအပ်ခြင်း အခမ်း အနားကို စက်တင်ဘာ ၂၀ နံနက် ၁၀:၀၀ နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုင်းလပ်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စကားပုံဆက်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့‌ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၉) နာရီက စကားပုံဆက်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့‌သည်။

မောက်မယ်မြို့နယ်၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့် တိုက်သို့ မလာရောက်နိုင်သော ကျောင်းသား/ ကျောင်းသူများ စာပေနှင့်စဉ်ဆက်မပြတ်စေရေး၊ စာဖတ်ရှိန်ပိုမိုမြှင့်မားလာစေရေးအတွက် ယမန် နေ့နံနက် ၁၀ နာရီက မိုင်းပုတ်ကျေးရွာအုပ်စု၊ အ.မ.က(မိုက်ကန်း)သို့ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တာချီလိတ်မြို့၌ ရန်ရှင်း-ဘာဘီး-ပန်တော်ချေလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း အချိန်မီပြီးစီးရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၌ ရန်ရှင်း-ဘာဘီး-ပန်တော်ချေ ကတ္တရာခင်းခြင်းလုပ်ငန်း အချိန်မီပြီးစီးရေး ယမန်နေ့က တာဝန်ရှိသူတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်