မိုင်းရှူးမြို့နယ်၌ ဆုံဆို့-မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က အမှတ်(၄)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း၊ ပန်စွဲကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့်အမှတ်(၁)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။