မောက်မယ်မြို့နယ်၌ မူလတန်းအထက်ဆင့် ရုပ်ပုံကြည့် စာစီစာကုံးပြိုင်ပွဲကျင်းပ

မောက်မယ် ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (စျေးတန်း)၌ အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော်ကိုအကျိုးပြုမည့် လူငယ်လူရွယ်လေးများ ဖြစ်လာစေရန်ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာတန်ဆောင်စာပေပြိုင်ပွဲ မူလတန်းအထက်ဆင့် ရုပ်ပုံကြည့်စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ကျင်းပသည်။ 

အဆိုပါ မြို့နယ်အဆင့်ပြိုင်ပွဲသို့ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာမများ၊ တာဝန်ရှိသူများတက်ရောက်ပြီး မူလတန်းအထက်ဆင့်ရုပ်ပုံကြည့်စာစီစာကုံးပြိုင်ပွဲတွင် မူလတန်းကျောင်းသား/ကျောင်းသူများ(၁၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)