လားရှိုးမြို့တွင် စည်ပင်သာယာရေးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်များ သက်တမ်းတိုး၊ ဈေးပြိုင်လေလံစနစ်ဖြင့် စိစစ်ရောင်းချ

လားရှိုး ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များ သက်တမ်းတိုး၊ ဈေးပြိုင်လေလံစနစ်ဖြင့် စိစစ်ရောင်းချခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနခွဲ (လားရှိုး)မှ ဌာနခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇင်က အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များ လေလံရောင်းချခြင်းနှင့် ပတ်သက်၍ စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင် ဆွဲဝယ်သူများက လေလံဆွဲဝယ်မှုနှင့်ပတ်သက်၍ သိရှိလိုသည်များအားမေးမြန်းခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးက ပြန်လည်ဖြေကြားပေးခဲ့သည်။

ဆက်လက်၍ လားရှိးမြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်တွင်းနှင့် ကျေးရွာအုပ်စုများရှိ ဈေးကောက်၊ ယာဉ်ရပ်နားခကောက်၊ ရေလောင်းအိမ်သာကောက်၊ အပေါင်ဆိုင်နှင့် မြို့ဝင်ဘီးကောက်စသည့် လုပ်ငန်းလိုင်စင်များအား သက်တမ်းတိုး၊ ဈေးပြိုင် လေလံစနစ်ဖြင့် စိစစ်ရောင်းချခဲ့ရာ တက်ရောက်လာသည့် လုပ်ငန်းလိုင်စင်ဆွဲဝယ်သူများက လုင်ငန်းလိုင်စင်အသီးသီးအား လေလံဆွဲဝယ်ခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)