ကျောက်မဲ ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေတို့က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအောင်ဌေးကြွယ်က ၂၀၂၆-၂၀၂၇ ခုဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင် လေလံ/တင်ဒါ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်နှင့် သားသတ်လိုက်စင်ပေါင်း ၂၆ ခုရှိပြီး ယနေ့တွင် အရပ်ရပ်အခွင့်အရေးလိုင်စင် ၁၆ ခု၊ သားသတ်လိုင်စင် ၃ ခုကိုသာ ဈေးပြိုင်စနစ်ဖြင့် ရောင်းချမည်ဖြစ်ပြီး ကျန်လုပ်ငန်းလိုင်စင် ၇ ခုကို နောက်အကြိမ်များတွင် ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း မြို့နယ်အမှုဆောင်အရာရှိ၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)