မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပေါက်တောမြို့နယ်ရှိ မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ကျေးရွာများအား ကယ်ဆယ်ရေးပစ္စည်း ၁၂ မျိုး ထောက်ပံ့ပေးအပ်
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် တောင်ညိုကျေးရွာနှင့် အဝကံကျေးရွာရှိ မိုခါမုန်တိုင်း ဒဏ်သင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၂ မျိုး ထောက်ပံ့ ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါ ကျေးရွာများ၌ ပြုလုပ်ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အကြီးတန်းညှိနှိုင်းရေးမှူး ဒေါ်သီတာမျိုးထွန်း၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်ဝင်းစိုးနှင့် တာဝန်ရှိသူများ လေဘေးသင့်ပြည်သူများ တက်ရောက် ကြသည်။