ပေါက်တော ဇူလိုင် ၁၁
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် တောင်ညိုကျေးရွာနှင့် အဝကံကျေးရွာရှိ မိုခါမုန်တိုင်း ဒဏ်သင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၂ မျိုး ထောက်ပံ့ ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါကျေးရွာများ၌ ပြုလုပ်ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အကြီးတန်းညှိနှိုင်းရေးမှူး ဒေါ်သီတာမျိုးထွန်း၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်ဝင်းစိုးနှင့် တာဝန်ရှိသူများ လေဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အကြီးတန်း ညှိနှိုင်းရေးမှူး ဒေါ်သီတာမျိုးထွန်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်ဝင်းစိုးနှင့် တာဝန်ရှိသူများက မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် တောင်ညိုကျေးရွာနှင့် အဝကံကျေးရွာရှိ မုန်တိုင်းသင့် ပြည်သူများနှင့် တွေ့ဆုံ၍ အားပေးစကားများပြောကြားပြီး အိမ်ထောင်စု ၇၉ စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၂ မျိုးကို ပေးအပ်ရာ မုန်တိုင်းဒဏ်သင့်ပြည်သူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)