ပေါက်တောမြို့၊ အခြေခံပညာအထက်တန်းကျောင်း (သဝင်ချောင်း)၌ လူငယ်ရေးရာ အသိပညာပေး ဟောပြော

ပေါက်တော ​အောက်တိုဘာ ၆

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူးပြီး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်​နေ့မွန်းလွဲပိုင်းတွင် ပေါက်တောမြို့နယ်ရှိ အခြေခံပညာ အ.ထ.က(သဝင်ချောင်း) ကျောင်းရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် အာကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွေးကလူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးဝင်းမင်းစိုးက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဥ်ဖြင့်လည်းကောင်း အသိပညာပေးဆွေးနွေးဟောပြောပြီး ကျောင်းသား/ကျောင်းသူ များက သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးသည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများကို အားကစားနည်းများစနစ်တကျလက်တွေ့သရုပ်ပြသကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့်  ကလေးအလုပ်သမားများပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် လူကုန်ကူးမှုအသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)