မွန်ပြည်နယ်

မော်လမြိုင်မြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်များအသိပညာဗဟုသုတကြွယ်ဝစေရန်နှင့်ဘက်စုံဖွံဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ ထူးချွန်ထက်မြက်သောအနာဂတ်လူငယ်၊ လူရွယ်များပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ပိုင်းက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ပွင့်ဦးမာလာခန်းမ၌ ကျင်းပ ပြုလုပ်သည်။

စိုက်ပျိုးရေး‌ မွေးမြူရေးသိပ္ပံ(သထုံ)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးမွေးမြူရေးသိပ္ပံ(သထုံ)တို့ ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးမွေးမြူရေးသိပ္ပံကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့နယ်၊ ဝါးပါးတပ်ဦး ဘုန်းတော်ကြီးသင်မူလတန်း ကျောင်းသား၊ ကျောင်းသူများထံ မွန်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် အလှူငွေများ ပေးအပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စုရှိ ဝါးပါးတပ်ဦး ဘုန်းတော်ကြီးသင် မူလတန်း ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးအတွက် ပြည်နယ်အစိုးရအဖွဲ့ သာမန်အသုံးစရိတ်ရန်ပုံငွေမှ လှူဒါန်းသည့် အလှူငွေများကို ယမန်နေ့ နံနက်က ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ သွားရောက်လှူဒါန်းပေးခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် - ၂ဝ၂၅ ဆွေးနွေးပွဲသို့ တက်ရောက်မည့် မွန်ပြည်နယ် လူငယ်ဖိုရမ်ကိုယ်စားလှယ်အဖွဲ့ ဩဝါဒခံယူပွဲအခမ်းအနား တက်ရောက်

မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် - ၂ဝ၂၅ ဆွေးနွေးပွဲသို့ တက်ရောက်မည့် မွန်ပြည်နယ်လူငယ်ဖိုရမ် ကိုယ်စားလှယ်အဖွဲ့ ဩဝါဒခံယူပွဲ အခမ်းအနားကို ဩဂုတ်လ ၂၇ ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊‌ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ မွန်ပြည်နယ် လူငယ်ဖိုရမ်ကိုယ်စားလှယ်အဖွဲ့များမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းက လူငယ်ဖိုရမ်ဆွေးနွေးပွဲသို့ တက်ရောက်ကြမည့် ကိုယ်စားလှယ်အဖွဲ့များ ရွေးချယ်စေလွှတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများအား  ရှင်းလင်းတင်ပြခဲ့သည်။

ချောင်းဆုံမြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးစေခြင်း ဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲလက်မှတ်ဖြင့် မဲပေးခြင်းစနစ်အစား အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်းကို ယမန်နေ့နံနက်(၉)နာရီက ကညှော်ကျေးရွာခန်းမ၌ ပြုလုပ်ခဲ့သည်။

ကျိုက်မရောမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး

ကျိုက်မရောမြို့နယ်၌ ဒေသခံပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက ရှင်စောပုရပ်ကွက် အထရံခန်းမ၌ ပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု(မြို့နယ်အဆင့်)အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ကုသ‌ရေးနှင့်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနနှင့် အ‌‌ခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု(မြို့နယ်အဆင့်)အထိမ်းအမှတ်အခမ်းအနားကို ဩဂုတ် ၂၃ ရက် နံနက် ၁၀ နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့ အ.ထ.က (၁)ကျောင်းတွင် ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲ ကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင်ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရှင်အရဟံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်၌ နယ်​မြေတည်ငြိမ်​အေးချမ်း​ရေးနှင့် ​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းကွင်းဆင်း​ဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် သြဂုတ် ၂၄ ရက် မွန်းလွဲပိုင်းက ကျိုက္ခမီမြို့၊ နှစ်ကိုင်းကျေးရွာ၊ ရွာလယ်ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ဖြူဇရပ်မြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ (ဥက္ကဋ္ဌ)နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆည်မြောင်းဦးစီးမှူးနှင့် ကျိုက္ခမီမြို့လျှပ်စစ်ဌာနမှတာဝန်ခံများ၊ နှစ်ကိုင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများတက်ရောက်ခဲ့ကြသည်။

ရေးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုနည်း အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆန္ဒမဲပေးရာတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းအစမ်းလေ့ကျင့်မှုကို ဩဂုတ် ၂၄ ရက်နေ့နံနက်ပိုင်းက မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက်ရုံး၌ ဆောင်ရွက်သည်။
Subscribe to မွန်ပြည်နယ်