ပေါင်မြို့နယ်၌ စျေးကွက်အတွင်း "Signal သွားတိုက်ဆေးအတု" များရောင်းချခြင်းရှိ/မရှိ စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌  စျေးကွက်အတွင်း " Signal သွားတိုက်ဆေးအတု" များရောင်းချခြင်းရှိ/မရှိ စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများကို ယမန်နေ့ နံနက်(၁၀)နာရီက ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူ အသီးသီးတို့က  မြို့ပေါ်ရပ်ကွက်(၄)ခု၌ ဆောင်ရွက်ခဲ့သည်။