မွန်ပြည်နယ်

သထုံမြို့နယ် ဒူးရင်းဆိပ်‌ကျေးရွာရှိ ရေဘေးရှောင်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဒုံသမိချောင်းရေ မြင့်တက်လာမှုကြောင့် ရေဘေးလွတ်ရာ ရှောင်တိမ်းနေထိုင်ကြသည့် ဒူးရင်းဆိပ်ကျေးရွာအနိမ့်ပိုင်းမှ ရေဘေးရှောင်ပြည်သူများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ ပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် လူငယ်စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနား တက်ရောက်

၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်လူငယ်စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း Myanmar Car & Motorcycle Business Co.,Ltd ၏ SKD မော်တော်ဆိုင်ကယ်တပ်ဆင်ထုတ်လုပ်နေမှုနှင့် ပြည်မြန်မာကိတ်နှင့် မုန့်မျိုးစုံလုပ်ငန်းလည်ပတ်နေမှု ကြည့်ရှုအားပေး

ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်တွင်းထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်စေရေးအတွက် အသေစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ရန်၊ ပြည်သူများ စီးပွားရေးအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ လှိုင်ရပ်ကွက်ရှိ Myanmar Car & Motorcycle Business Co.,Ltd ၏ ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်မှုဖြင့် နှစ်ဘီးသုံးဘီး မော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်ခြင်း အလုပ်ရုံသို့ ရောက်ရှိရာ ဦးစွာ Myanmar Car & Motorcycle Business Co.,Ltdမှ တာဝန်ရှိသူက စက်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်တွင်းထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်စေရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကောင်းမွန်သော စီးပွားရေးအခြေအနေကောင်းများ ပေါ်ထွန်းလာစေရေးနှင့် ပြည်သူများစီးပွားရေးအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ MSME စီးပွားရေးလုပ်ငန်းအပါအဝင် အခြေခံလိုအပ်ချက်ဖြစ်သည့် နည်းပညာ၊ ငွေကြေးအရင်းအနှီး၊ ဈေးကွက်ကုန်ကြမ်း၊ စက်ပစ္စည်းနှင့် မြေနေရာလိုအပ်ချက်တို့ဖြစ်ကြောင်း၊ မိမိတို့ ထုတ်ကုန်ပစ္စည်းများကို စံချိန်မီအရည်အသွေးထုတ်လုပ်ခြင်း၊ ဈေးနှုန်းမှန်ကန်မျှတစွာ ရောင်ချခြင်းတို့အပါအဝင် ဈေးကွက်စီးပွားရေး ပီပြင်စွာဖြစ်ပေါ်လာစေရေး တာဝန်ရှိသူအားလုံးက စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

သထုံမြို့၊ သမိုင်းဝင်ဓာတ်တော်ဆေးမင်္ဂလာကန်တော်ကြီး ပြုပြင်မွမ်းမံရေး နှိုးဆော်မြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သ‌ရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီးရှိ ရှေးဟောင်းသမိုင်းဝင် ဓာတ်တော်ဆေးမင်္ဂလာကန်တော်ကြီး ပြုပြင်မွမ်းမံရေးနှိုးဆော်အသိပေး မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားကို ဩဂုတ် ၅ ရက်နေ့ နံနက်က အဆိုပါကန်တော်မင်္ဂလာရှေ့၊ ရွှေစာရံဘုရားလမ်းပေါ်၌ ကျင်းပပြုလုပ်သည်။

မုဒုံမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်းနှင့် Biometric အချက်အလက်များ ကောက်ယူခြင်း ဆောင်ရွက်

မွန်ပြည်နယ် မုဒုံမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်း၊ Biometric အချက်အလက်များ ကောက်ယူခြင်းနှင့် UID ထုတ်ပေးခြင်းလုပ်ငန်းများကို သြဂုတ် ၅ ရက်နေ့ နံနက် ၉ နာရီက ကျိုက်ရွဲကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးသည်။

မုဒုံမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေးပေးခြင်းကို သြဂုတ် ၅ ရက်နေ့ နံနက်ပိုင်းက ကင်းချောင်းကျေးရွာရှိ ဘုန်းကြီးကျောင်းဓမ္မာရုံး၌ ဆောင်ရွက်ပေးခဲ့သည်။

မွန်ပြည်နယ်အတွင်း လေဘေးသင့်ပြည်သူများနှင့် ယာယီနေရပ်စွန့်ခွာသူများအား အလှူငွေနှင့်ပစ္စည်းများ ချီးမြှင့်ပေးအပ်

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် တာဝန်ရှိသူများသည် ဩဂုတ် ၃ ရက် နံနက်ပိုင်းတွင် ပေါင်မြို့နယ်၊ ကဒုံစီးတိုက်ကျောင်း၊ ပညာဓိကဗိမာန်၌ ကျင်းပပြုလုပ်သည့် ပေါင်မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား အလှူငွေပေးအပ်ခြင်းနှင့် ပစ္စည်းများ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်လမ်း/တံတားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ၊ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအား ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)မှဦးဆောင်ပြီး မြို့ နယ်တာဝန်ခံနှင့်ဝန်ထမ်းများလိုက်ပါ၍ သြဂုတ် ၃ ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ပေါင်မြို့နယ်(အ.ထ.က)ကျွဲခြံကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်နယ်လှည့်စာကြည့်တိုက် ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်(အ.ထ.က)ကျွဲခြံကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်နယ်လှည့်စာကြည့်တိုက်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယ‌မန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်ဦး၊ ဥပဒေအရာရှိ ဦးမျိုးထက်ကျော်၊ အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု သထုံမှရဲအုပ်နိုင်ထွန်း၊ အမှတ် (၆၂)မူးယစ်တပ်ဖွဲ့စု သထုံမှ ရဲအုပ်နေဝင်းဌေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးနှင့်ဝန်ထမ်းများ၊ ပူးတွဲမြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်အေး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

မော်လမြိုင်မြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း ဖွင့်ပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက ဖွင့်လှစ်သည့်လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကြာအင်းကျေးရွာအုပ်စု အမှတ်(၅၄) စက်မှုလယ်ယာစခန်း၌ ကျင်းပခဲ့သည်။
Subscribe to မွန်ပြည်နယ်