မွန်ပြည်နယ်

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲကို ယနေ့နံနက် ၁၀ နာရီက အ.မ.က.(မူလွန်) အောင်သုခကျောင်း၌ ပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ် နှီးမုတ်(အ.လ.က)ကျောင်းတွင် ဘက်စုံထူးချွန်သည့် လူငယ်များပေါ်ထွန်းလာစေရေး “လူငယ်စကားဝိုင်း” ကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဘက်စုံထူးချွန်၍ ဗလငါးတန်နှင့်ပြည့်စုံလာစေရေးနှင့် အသိပညာတိုးပွားလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ဒီဇင်ဘာလ (၁၄) ရက်နေ့ နံနက်(၁၀)နာရီက နှီးမုတ် (အ.လ.က) ကျောင်းခန်းမ၌ “လူငယ်စကားဝိုင်း” ကျင်းပခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ်(၃/၂၀၂၃)နှင့် မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့  အမှတ်စဉ် (၄/ ၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၃)နှင့် မွန်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အမှတ်စဉ်(၄/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဝင်များ တက်ရောက်သည်။

သံဖြူဇရပ်မြို့နယ်၌ လူငယ်များဗလငါးတန်ဖွံဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်း ပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသားလူငယ်များဖြစ်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီ က အ.လ.က(ခွဲ)စက်သစ်ကျောင်း ခန်းမ၌ ကျင်းပပြုလုပ်သည်။

မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ငန်းတေးကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲ ကျင်းပ

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်းကျင်းပသော ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ငန်းတေးကျောင်း၌ ကျင်းပပြုလုပ်သည်။

မင်္ဂလာဒုံမြို့နယ်တွင် (MEVM)စက်နှင့်စပ်လျဥ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကျိုက်ကလို့သာသနာ့ဗိမ္မာန်တော်ကြီး၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှကြီးမှူးကျင်းပသော အီလက်ထရောနစ်မဲပေးစက်(MEVM) စက်အသုံးပြုနည်းနှင့်စပ်လျဥ်း၍ လက်တွေ့ရှင်းလင်းသရုပ်ပြခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့တွင် အဆုတ်နှင့်ရင်ခေါင်း(တီဘီရောဂါ)ဆိုင်ရာများ အခမဲ့ စမ်းသပ်စစ်ဆေး

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန(IOM) နယ်လှည့် ကွင်းဆင်းကျန်းမာရေးစစ်ဆေးရေးအဖွဲ့နှင့် မုဒုံမြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော နယ်လှည့်ဒစ်ဂျစ်တယ်ဓာတ်မှန်စက်ဖြင့် အဆုတ်နှင့် ရင်ခေါင်း‌(တီဘီရောဂါ)ဆိုင်ရာများ အခမဲ့စမ်းသပ်စစ်ဆေးကုသခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက ကွမ်တာရွာဟောင်းကျေးရွာရှိ မဟာရင်ကျောင်း၌ ဆောင်ရွက်ပေးသည်။

ဘီးလင်းမြို့၌ ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းမှ ကျောင်းသား၊ ‌ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့၊ အ.ထ.က(ဘီးလင်း)ကျောင်း၌ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ချောင်းဆုံမြို့နယ် ကရင်ဝင်းစိန်(အ.ထ.က-ခွဲ)ကျောင်းတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ပြည်သူများ လူကုန်ကူးမှုအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မော်လမြိုင်ခရိုင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု  အမှတ်(၉)နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ (၂)နာရီက ကရင်ဝင်းစိန်(အ.ထ.က-ခွဲ)ကျောင်းတွင် ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

၂ဝ၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်