မွန်ပြည်နယ်

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်မိသားစု ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရ အဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး မျိုးဆွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီဝင်များ၊ သင်တန်းသား/သူများ တက်ရောက်သည်။

ပေါင်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး

မွန်ပြည်နယ် ပေါင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို ဒီဇင်ဘာ (၂၁) ရက်‌နေ့မှ စတင်ထုတ်ပေးခဲ့ရာ ယနေ့နံနက် ၇နာရီမှ မွန်းလွဲ (၂)နာရီထိ  ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်၌ ရာသီပေါ် မုန်လာပင်စိုက် တောင်သူများ အပိုဝင်ငွေရရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ရာသီပေါ်မုန်လာပင်စိုက်တောင်သူများ အပိုဝင်‌ငွေရရှိ၍ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဘီးလင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမတွင် ယမန်နေ့ညနေ ၃ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်  စာပေချစ်သူများအသင်း (Book Club)တို့  ပူးပေါင်း၍  စာရေးဆရာကျော်ကျော်လှိုင် ရေးသားသည့် “ပျော်ရွှင်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်များတွင် အငြိမ်းစားပင်စင်လစာငွေများ ထုတ်ပေး

မွန်ပြည်နယ်အတွင်းရှိ  မြန်မာ့စီးပွားရေးဘဏ်များ  နေ့စဥ်ပုံမှန်ဖွင့်လှစ်လျက်ရှိပြီး အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှ စတင်ကာ ပုံမှန်ထုတ်ပေးသည်။

ဘီးလင်းမြို့၊ အ.ထ.က(နှင်းပုလဲ)ကျောင်း၌ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို အသိပညာပေးဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ်(သထုံ)တို့ ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ အသိပညာဗဟုသုတ မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယနေ့ နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြုလုပ်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရှင်အရဟံခန်းမ၌ ကျင်းပပြုလုပ်သည်။

နိုင်ငံဝန်ထမ်းအငြိမ်းစားများ၏ပင်စင်လစာ များအားပုံမှန်အတိုင်းထုတ်ပေး

ကျိုက်မရောမြို့နယ် မြန်မာ့စီးပွားရေးဘဏ် (ခွဲ) ၌ နိုင်ငံဝန်ထမ်းအငြိမ်းစား (၇၀၀) ကျော်၏ ပင်စင်လစာငွေများကို လစဥ် ၂၁ ရက်နေ့တိုင်း ပုံမှန်အတိုင်းထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီမှစ၍  အေးချမ်းစွာထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သံဖြူဇရပ်မြို့၌   အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ စတင်ထုတ်ပေး

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို ယနေ့နံနက်ပိုင်းမှ စတင်ထုတ်ပေးလျက်ရှိပြီး နေ့စဥ် နံနက်၉ နာရီမှ မွန်းလွဲ၂ နာရီအထိ စတင်ထုတ်ပေးလျက်ရှိသည်။
Subscribe to မွန်ပြည်နယ်