မွန်ပြည်နယ်

သထုံမြို့နယ် ကတိုက်ကြီးကျေးရွာ၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူလူထုများ ပိုမိုစိတ်ဝင်စားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်စေရန်နှင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူများအသိပညာတိုးပွားစေရန်ရည်ရွယ်ကာ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်က ကတိုက်ကြီးကျေးရွာ ကျေးလက်ကျန်းမာ‌ရေးဌာန၌ ပြုလုပ်ကျင်းပခဲ့သည်။

ကျိုက်မရော၌ ခဝဲသီးစီးပွားဖြစ် စိုက်ပျိုးသူများစျေးကောင်းရ၍ အဆင်ပြေ

ကျိုက်မရောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများဖြစ်ရာ မိုးရာသီခဝဲသီးများကို တစ်နိုင်တစ်ပိုင် စိုက် ပျိုးကြပြီး ယခုချိန်၌ ခဝဲသီးစျေးလည်းကောင်းသဖြင့် မိသားစုအဆင်ပြေလျက်ရှိနေကြောင်းသိရသည်။

မုဒုံမြို့၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုဆောင်ရွက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အ.လ.က(သင်္ဘောဦး)စာသင်ကျောင်း၌ ပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်၌ အသက်အရွယ်ကြီးပြီးသွားလာရန်ခက်ခဲသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Home Service ဖြင့် UID (Unique Identity)များ ကွင်းဆင်းဆောင်ရွက်

 မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာထုတ်ယူရာတွင် အဆင်ပြေစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ အသက်အရွယ်ကြီးပြီး ကျန်းမာရေးအခြေအနေအရ သွားလာရန်ခက်ခဲသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Home Service ဖြင့် UID (Unique Identity) Smart Card များကို ဩဂုတ်လ(၁၀)ရက်နေ့က ချောင်းဆုံမြို့(အရှေ့/အနောက်) ရပ်ကွက်များတွင် အိမ်တိုင်ရာ‌‌ရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ချောင်းဆုံမြို့နယ်၌ မိုးစပါး(၆၄၁၄၃)ဧက စိုက်ပျိုးပြီးစီး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ပြည်သူများစာရေးရိက္ခာဖူလုံစေရေးနှင့် တောင်သူများ ထုတ်ကုန်ပိုမိုထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်အတွက် မိုးစပါးစိုက်ပျိုးဧက (၆၅၃၀၉)ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိရာ တောင်သူများ လုပ်ငန်းခွင်စတင်ချိန်မှစ၍ ဩဂုတ်(၈)ရက်နေ့အထိ မြို့နယ်အတွင်း မိုးစပါး(၆၄၁၄၃)ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး (၉၈.၂၁)ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ဆံတော်ရှင်ကျိုက်သလ္လံစေတီတော်မြတ်ကြီးတွင် ဝါခေါင်လပြည့် အနုဂါမိက(ရွှေအိုး)မြှုပ်နှံလှူဒါန်းခြင်းမင်္ဂလာအခမ်းအနား တက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဆံတော်ရှင်ကျိုက်သလ္လံစေတီတော်မြတ်ကြီးတွင် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အနုဂါမိက(ရွှေအိုး)မြှုပ်နှံလှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကို သြဂုတ် ၈ ရက်နေ့နံနက်ပိုင်းက ဆံတော်ရှင်ကျိုက်သလ္လံစေတီတော်မြတ်ကြီး သီရိမင်္ဂလာပဋ္ဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ စျေးကွက်အတွင်း “စားအုန်းဆီအမျိုးမျိုး” ရောင်းချခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ စျေးကွက်အတွင်း စားအုန်းဆီအမျိုးမျိုး ရောင်းချခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဩဂုတ် ၈ ရက် နံနက်(၁၀)နာရီက ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က မြို့ပေါ်ရပ်ကွက် (၄)ခု၌ ဆောင်ရွက်ခဲ့သည်။

ပေါင်မြို့နယ်(အ.ထ.က)မုတ္တမကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်နယ်လှည့်စာကြည့်တိုက်ဆိုင်ရာနှင့်ဥပ‌ဒေရေးရာဆိုင်ရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်(အ.ထ.က)မုတ္တမကျောင်း၌ ဩဂုတ်လ ၈ ရက်နေ့က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက်နှင့်ဥပဒေရေးရာဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမြင့်ဇော်ဦး၊ ဒုတိယဥပဒေအရာရှိဒေါ်သီသီဟန်၊ အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု သထုံမှရဲအုပ်နိုင်ထွန်း၊ အမှတ်(၆၂)မူးယစ်တပ်ဖွဲ့စု သထုံမှရဲအုပ်နေဝင်းဌေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီးဦးပိုင်သူ‌ကျော်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ အခြေခံသမဝါယမအသင်း(၂)သင်းအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေပေးအပ်ပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ‌ပေါင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အခြေခံသမဝါယမအသင်း(၂)သင်းအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေပေးအပ်ပွဲကို ဩဂုတ် ၈ ရက် မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မော်လမြိုင်မြို့ ဇေယျာသီရိရပ်ကွက်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိရပ်ကွက် မြောက်ကွင်း‌ကျောင်းဓမ္မာရုံ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်