သထုံမြို့နယ်တွင် စက်သုံးဆီများအား သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး

သထုံ မတ် ၃၁

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ပြည်သူများထံ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို တာဝန်ရှိသူများပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းက လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ကွင်းဆင်းစစ်ဆေးရာတွင် သထုံမြို့နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုး၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်းကာ သထုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ ညွှန်ကြားချက်နှင့်အညီ "စုံ" ရက် “မ” ရက် ခွဲခြား၍ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအား စက်သုံးဆီစနစ်တကျရောင်းချပေးနေမှု မွန်ပြည်နယ်‌ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ထိန်းသိမ်းကြီးကြပ်မှုကော်မတီ၏‌ စက်သုံးဆီရောင်းချပေးခြင်းဆိုင်ရာ ကြေငြာချက်ဗွီနိုင်းအသိ‌ပေးချိတ်ဆွဲထားရှိမှု စသည်တို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)