မွန်ပြည်နယ်

ပေါင်မြို့နယ်၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ပေါင်မြို့နယ်(အ.ထ.က) မုတ္တမကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်မရောမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက အ.ထ.က(ခွဲ)ရေတွင်းကုန်း ကျောင်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် အသိပညာပေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ကျိုက်ထိုမြို့ အ.မ.က (ဘောဂနာ) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၅ ရက် နံနက် ၁၀ နာရီ က ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက် ရှိ အ.မ.က (ဘောဂနာ) ကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

သံဖြူဇရပ်မြို့နယ်၌ မွေးမြူရေးတိရစ္ဆာန် ကျွဲ၊ နွားများ အားလည်ချောင်းကွဲကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်းများ ပိုမိုဖြစ်ထွန်းအောင်မြင်စေရန် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စက်သစ်ရပ်ကွက်သို့သွားရောက်၍ မွေးမြူရေးတိရစ္ဆာန် ကျွဲ၊ နွားများအား လည်ချောင်းကွဲကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

မုဒုံမြို့၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့က ကျောက်တလုံးကျေးရွာရှိ အမှတ် (၂၁၀) ခြေမြန်တပ်ရင်း၌ ပြုလုပ်ပေးသည်။

သထုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်စာစောင်များကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာ ဗဟုသုတများ တိုးပွားစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။

ကျိုက်ထိုမြို့ အ.မ.က(တောလေး) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၁၀)နာရီ က ကျိုက်ထိုမြို့၊  ကော့စံနိုင်ရပ်ကွက်ရှိ အ.မ.က(တောလေး) ကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

ဘီးလင်းမြို့နယ် အနိုင်းပွန်ကျေးရွာ အခြေခံပညာ(မူလတန်းလွန်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့်ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ (၁)နာရီက ဘီးလင်းမြို့နယ် အနိုင်ပွန်ကျေးရွာ(မူလတန်းလွန်)ကျောင်း၌ နယ်လှည့်အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြ‌သည်။

ပေါင်မြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ပေါင်မြို့နယ် (အ.ထ.က) ကျွဲခြံကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ မိုးရာသီဘောလုံးပြိုင်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ ကွန်ပျူတာတက္ကသိုလ်(သထုံ)၏ မိုးရာသီဘောလုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ အဆိုပါတက္ကသိုလ်အားကစားကွင်း၌ စတင်ကျင်းပသည်။
Subscribe to မွန်ပြည်နယ်